အားကောင်းသောမုန်တိုင်းငယ်

November 30, 2016

အားကောင်းသောမုန်တိုင်းငယ် မြန်မာပြည်ဘက် ဦးတည်ခြင်းမရှိဟု မိုးဇလခန့်မှန်း

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းမှာ  ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာပြီလို့ မိုးဇလဌာနက ဒီကနေ့ မနက် ၁၁နာရီအချိန် ထုတ်ပြန်ပါတယ်။ အဆိုပါ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ အနောက် -အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ဘက် မိုင်(၄၅၀)ခန့်၊ ပဒူချယ်ရီမြို့ရဲ့ အရှေ့တောင်ဘက် (၄၂၅)မိုင်ခန့်နဲ့  သီရီလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ရဲ့ အရှေ့ - အရှေ့တောင်ဘက် မိုင်(၂၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ဆိုပါတယ်။ အားကောင်းသောမုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။ နောက်(၁၂)နာရီအတွင်း ပိုမိုအားကောင်းလာပြီး   ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကာ အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။
6 years Ago
Up