ဝက်စ်ဟမ်းအသင်းမှာ ပြဿ နာတွေ ရှိနေတယ်လို့ နည်းပြ ဘီလစ်က ပြောဆိုလိုက်ပါတယ်။
မနေ့ညက ၀က်စ်ဘရောင်းအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးတဲ့ ပွဲအပြီးမှာ နည်းပြ ဘီလစ်က ပြောဆိုလိုက်တာပါ။
အဲဒီပွဲစဉ် ပထမပိုင်း ကစားချိန် ၁ နာရီအတွင်းမှာ ၀က်စ်ဟမ်းအသင်းဟာ ၄ ဂိုးအထိ အသွင်းခံခဲ့ရပါတယ်။
နောက်ပိုင်းကျမှ ချေပဂိုး ၂ ဂိုး ပြန်သွင်းယူနိုင်တာပါ။
နည်းပြ ဘီလစ်ကတော့ အသင်းမှာ အားနည်းနေသလို ပြဿနာတွေ ရှိနေလို့ သူအနေနဲ့ ဖြေရှင်းရလိမ့်မယ်လို့ ပြောပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ် ရာသီအစ ကစားပြီးတဲ့ ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးထားတာ ဖြစ်ပါတယ်။
ဒါကြောင့် နည်းပြ ဘီလစ်ရဲ့ အသင်းဟာ ၂၀၁၀၊ ၂၀၁၁ ရာသီအစ နောက်ပိုင်းမှာ အဆိုးဝါးဆုံး ရာသီအစ ပွဲစဉ်တွေနဲ့ ကြုံရတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာ ၃ မှတ်ပဲ ရသေးလို့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ မှာ ရှိနေပါတယ်။
6 years Ago