အားနည်းချက်များကြားက ဆုတံဆိပ်ရရန် အပြင်းအထန် ကြိုးစားနေသည့် ပြေးခုန်ပစ်အားကစား

May 17, 2017

အားနည်းချက်များကြားက ဆုတံဆိပ်ရရန် အပြင်းအထန် ကြိုးစားနေသည့် ပြေးခုန်ပစ်အားကစား

မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့က ကစားသမားတွေအနေနဲ့ ဖြည့်ဆည်းပေးနိုင်မှု အပိုင်းမှာ အားနည်းချက်များစွာ ရှိနေပေမယ့် လာမယ့်ဆီးဂိမ်းမှာတော့ ဆုတံဆိပ်တွေနဲ့ မလွဲချော်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဆီးဂိမ်းကျင်းပဖို့ ၃ လလောက်သာ လိုတော့တဲ့အချိန်မှာ ဂျပန်နိုင်ငံသား နည်းပြလည်း ရောက်ရှိနေပြီး အပြေးအားကစားအတွက် လေ့ကျင့်ပေးလျက် ရှိပါတယ်။ လာမယ့်မေလ ၂၀ ရက်နေ့မှာလည်း တရုတ်နိုင်ငံကို Government to Government Joint Training သွားရောက်မှာဖြစ်ပြီး လာမယ့်ဆီးဂိမ်းအတွက်လည်း အထောက်အကူတွေ ရတယ်လို့ ဆိုပါတယ်။ ကစားသမားတွေအနေနဲ့ တရုတ်နိုင်ငံ တောင်ပေါ်မြို့မှာ လေ့ကျင့်ရမှာဖြစ်တဲ့အတွက် ကာယပိုင်းဆိုင်ရာမှာ အထောက်အကူများစွာဖြစ်ပြီး နည်းစနစ်ပိုင်းဆိုင်ရာကတော့ ရေးဆွဲထားတဲ့ အချိန်ဇယားအတိုင်းပဲ လေ့ကျင့်သွားမယ်လို့ သိရပါတယ်။
4 years Ago
Up