အားကစားပြိုင်ပွဲ

March 19, 2018

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပမည်

မြန်မာနိုင်ငံအတွက် ​​​နှစ်​​ပေါင်းများစွာ ဝင်​​ရောက်​ယှဉ်​ပြိုင်​ဖို့ ​ဝေးကွာခဲ့သလို ၂၀၁၆ ခုနှစ်​နဲ့ အခုနှစ်​မှသာ တကျော့ပြန်​ ပြန်​လည်​ယှဉ်​ပြိုင်​မယ့် ၁၉ ကြိမ်​​မြောက် ​အာဆီယံတက္ကသိုလ်​များ အားကစားပြိုင်​ပွဲကို လာမယ့် ဒီဇင်​ဘာ ၁၇ ရက်​​နေ့မှာ ​နေပြည်​​တော်​မှာ လက်​ခံကျင်းပသွားမှာ ဖြစ်​ပါတယ်​။ ​နေပြည်​​တော်​မှာရှိတဲ့ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကြီးမှာကျင်းပမယ့် ဒီပြိုင်ပွဲမှာ ကစားနည်း အမျိုးအစား ၁၈ မျိုး ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး  မြန်​မာတက္ကသိုလ်​ အားကစားအဖွဲ့​တွေ အ​နေနဲ့ ကစားနည်း ၁၇ မျိုး ပါဝင်​ယှဉ်​ပြိုင်​သွားမှာ ဖြစ်​ပါတယ်​။ မြန်မာကအိမ်ရှင်​အဖြစ် ​ယှဉ်​ပြိုင်​ရတယ် ဆို​ပေမယ့် ပြိုင်​ပွဲနဲ့ ​ဝေးကွာ​နေတာနဲ့ တခြားနိုင်​ငံ​တက္ကသိုလ်တွေက စဉ်​ဆက်​မပြတ်​ ပြိုင်​ပွဲဝင်​ခဲ့တာ​ကြောင့် မြန်​မာတက္ကသိုလ်​ အားကစားသမား​တွေအ​နေနဲ့  ​အောင်​မြင်​မှုရဖို့တော့ အားစိုက်ကြိုးပမ်းဖို့တော့ လိုအပ်နေတာပါ။ လက်​ရှိမှာ ကစားသမား​​တွေအ​တွက်​ အားကစားနဲ့ ကာယပညာဦးစီးဌာနက နည်းစနစ်​ပိုင်း ဆိုင်​ရာအတွက်​ သက်​ဆိုင်​ရာ တက္ကသိုလ်​အသီးသီးမှာ အကူအညီ​ ပေးထားပြီး​ ကစားသမားတွေအတွက်​ အားကစား အသုံးအ​ဆောင်​၊ အနီးကပ်​စခန်းသွင်း ​လေ့ကျင့်​ရေး​တွေနဲ့ ပြိုင်​ပွဲကျင်းပ​ရေး​တွေကို အကူအညီ​ပေးသွားမယ်​လို့ သိရပါတယ်​။ အာဆီယံတက္ကသိုလ်​များ အားကစားပြိုင်​ပွဲမှာ သမိုင်းတလျှောက်​ ထိုင်းအသင်းက ​ရွှေတံဆိပ်​ စုစု​ပေါင်း ၃၃၄ ဆုထိ ရရှိပြီး ထိပ်​ဆုံးမှာ ရပ်​တည်​​နေသလို အင်​ဒိုနီးရှားအသင်းက ​ရွှေတံဆိပ်​ ၂၇၃ ဆု၊ မ​လေးရှားနဲ့ ဗီယက်​နမ်​က ၂၇၀ ဆုစီ၊​ နောက်​မှာ​တော့ ဗီယက်​နမ်​၊ စင်​ကာပူ၊ ဖိလစ်​ပိုင်​၊ လာအို၊ က​မ္ဘောဒီးယားအသင်း​တွေက အသီးသီး ရပ်​တည်​​နေပါတယ်။ မြန်​မာအသင်းက​တော့ နိုင်​ငံအလိုက် ​​အောင်​မြင်​မှုအဆင့် ၉​ နေရာမှာ​ ရွှေတံဆိပ်​ ၁ ဆု၊​ ငွေတံဆိပ်​ ၄ ဆု၊​ ကြေးတံဆိပ်​ ၁၄ ဆုနဲ့ ရပ်​တည်​​နေပါတယ်​။
4 years Ago

May 25, 2017

စင်ကာပူဖိတ်ခေါ် ဉာဏ်ရည်မမီ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၃ ခု ရရှိ

မေလ ၁၈ ရက်ကနေ ၂၃ ရက်အထိ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဖိတ်ခေါ် ဉာဏ်ရည်မမီပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့က ရွှေ ၃ ခု၊ ငွေ ၃ ခု၊ ကြေး ၃ ခု ရယူနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အိမ်ရှင် စင်ကာပူ အပါအဝင် မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေက ကစားသမား စုစုပေါင်း ၆၆၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ မြန်မာနိုင်ငံက ကစားသမား ၈ ဦး၊ နည်းပြ၊ အုပ်ချုပ်သူ ၅ ဦးနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မြန်မာဉာဏ်ရည်မမီ အားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုတွေကို မီတာ ၁၀၀ ပြေးခုန်ပစ်ပြိုင်ပွဲကနေ မအိမွန်ကျော်က ရွှေ ၁ ခု၊ မီတာ ၈၀၀ ပြေးခုန်ပစ်ပြိုင်ပွဲကနေ မောင်ထွန်းတာယာက ရွှေတံဆိပ် ၁ ခု၊ ဘိုချီပြိုင်ပွဲကနေ မောင်ဇော်မျိုးနိုင်က ရွှေ ၁ ခု ရယူပေးခဲ့တာ ဖြစ်ပါတယ်။ တခြားဆုတံဆိပ် ၆ ခုကိုလည်း ပြေးခုန်ပစ်နဲ့ ဘိုချီပြိုင်ပွဲတွေကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူဖိတ်ခေါ် ဉာဏ်ရည်မမီပြိုင်ပွဲမှာ ပြေးခုန်ပစ်၊ ရေကူး၊ ကြက်တောင်၊ ဘိုးလင်း၊ ဘောလုံးနဲ့ စားပွဲတင်တင်းနစ် ပြိုင်ပွဲအမျိုးအစား ၇ မျိုး ထည့်သွင်းကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ပြေးခုန်ပစ်နဲ့ ဘိုချီပြိုင်ပွဲ နှစ်မျိုးမှာပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဆုတံဆိပ်စုစုပေါင်း ၉ ခု ရယူနိုင်ခဲ့တဲ့ မြန်မာဉာဏ်ရည်မမီ အားကစားအဖွဲ့အတွက် ဂုဏ်ပြုပွဲကိုလည်း မေလ ၂၄ ရက်က ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up