အားကစားသမားများကို ဂုဏ်ပြုဆုချီးမြှင့်

September 25, 2017

မလေးရှားဆီးဂိမ်းပြိုင်ပွဲ၌ ဆုရရှိခဲ့သည့် အားကစားသမားများကို ဂုဏ်ပြုဆုချီးမြှင့်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဆုတံဆိပ်တွေရရှိခဲ့တဲ့ နိုင်ငံဂုဏ်ဆောင် အားကစားသမားတွေကို ဒီနေ့ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(ဘီ)မှာ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။ အခမ်းအနားကို ကျန်းမာရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး၊ ပို့/ဆက် ဒုဝန်ကြီးနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးတွေ တက်ရောက်ဂုဏ်ပြုဆု ချီးမြှင့်ပေးခဲ့ပါတယ်။ ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားသမားတွေအနေနဲ့ မြားပစ်၊ ပြေးခုန်ပစ်၊ ဘီလိယက်နဲ့ စနူကာ၊ ရေခဲပြင်ဟော်ကီ၊ ဘောလုံး၊ ဂျူဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ တိုက်ကွမ်ဒို၊ ဝူရှူးနဲ့ အလေးမ အားကစားတွေမှာ ရွှေတံဆိပ် ၇ ဆု၊ ငွေ ၁၀ ဆု၊ ကြေး ၂၀ ဆု ကို ရရှိခဲ့ပါတယ်။
4 years Ago
Up