အားကစားဝန်ကြီးဌာန

A d v e r t i s e m e n t With Us

January 21, 2021

မြန်မာဂေါက်သီးရိုက်အသင်း ​​မြေဂရန် ပြန်လည်ရယူရန် ဥပဒေကြောင်းအရ ကြိုးပမ်းမည်

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန  အမည်ပေါက်နဲ့ ပြောင်းလဲလိုက်တဲ့ မြန်မာဂေါက်သီးရိုက်အသင်းရဲ့ အမည်ပေါက်ဂရန်ကို ဥပဒေကြောင်းအရ ပြန်လည်ရယူသွားမယ်လို့ မြန်မာဂေါက်သီးရိုက်အသင်း အတွင်းရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။ မြန်မာဂေါက်သီးရိုက်အသင်းရဲ့ ​​မြေဂရန်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမည်ပေါက်ပြောင်းလဲရယူထားတဲ့ကိစ္စနဲ့ ပတ်သတ်လို့ ဇန်နဝါရီ ၂၁ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး  ပြောဆိုလိုက်တာဖြစ်ပါတယ်။ အဆောက်အအုံ ပိုင်ဆိုင်ရာမှာလည်း အသင်းဖွဲ့အစည်းပိုင် မြန်မာဂေါက်သီးရိုက်အသင်း အမည်ပေါက်ဂရန် မူရင်းလက်ဝယ်မရှိတဲ့အတွက် ဂေါက်ကွင်းဝန်းကျင်က ဖြစ်လာတဲ့ ပြဿနာတွေနဲ့ ဂေါက်ကွင်းပြင်ဆင်တာတွေပြုလုပ်ရာမှာ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။  မြန်မာဂေါက်သီးရိုက်အသင်းရဲ့နှစ် ၆၀ မြေဂရန်ကို ပြန်လည်ရရှိဖို့ ဒုသမ္မတအပါအဝင် အစိုးရအဖွဲ့ရုံးနဲ့ လယ်ယာမြေနဲ့အခြားမြေများသိမ်းဆည်းခံရမှုအပေါ် စိစစ်ရေးဗဟိုကော်မတီထံကို အထောက်အထားစုံလင်စွာနဲ့ တင်ပြထားပြီးဖြစ်တယ်လို့ လည်း သိရပါတယ်။ ဒီဂေါက်ကွင်းဟာ ၁၉၄၇ ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီးတော့ မြန်မာဂေါက်သီးရိုက်အသင်းက ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာဂေါက်သီးရိုက်အသင်းမှာ အသင်းသားဦးရေ ၂၀၀၀ ကျော်ရှိပြီး အများစုက အစိုးရဝန်ထမ်းအငြိမ်းစားတွေနဲ့ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ နေလင်းအောင်
1 month Ago
Up