အားကစားဝန်ကြီး

October 17, 2020

စီရော်နယ်ဒို ကိုဗစ်ကန့်သတ်ချက်ချိုးဖောက်၍ အီတလီပြန်လာခြင်းဖြစ်နိုင်ဟု ဝန်ကြီး ပြော

စီရော်နယ်ဒိုဟာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး အီတလီကို ပြန်လာခဲ့တာ ဖြစ်နိုင်တယ်လို့ အီတလီအားကစားဝန်ကြီးက ဝေဖန်လိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရတာပါ။ အဲဒီနောက် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့အတူ ကလပ်အသင်းရှိရာ တူရင်မြို့ကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ အီတလီက ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက် တစုံတရာမရှိဘဲ  တူရင်ကို ပြန်လာခဲ့တာဆိုရင်တော့ ကန့်သတ်ချက်တွေကို ချိုးဖောက်တာလို့ အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက မှတ်ချက်ပေးခဲ့တာပါ။ ရော်နယ်ဒိုဟာ တူရင်လေဆိပ်ကနေ လူနာတင်ယာဉ်ကားနဲ့ အိမ်ကို ပြန်ခဲ့ပြီး နေအိမ်မှာပဲ သီးသန့်နေထိုင်ပြီး ကုသမှုခံယူနေတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဘက်ကတော့ ရော်နယ်ဒိုဘက်ကနေ ကာကွယ်ပြောကြားခဲ့ပြီး ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့ ပြန်လာခဲ့တာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ 
7 months Ago
Up