အားကစားဝတ်စုံအရောင်းဆိုင်

A d v e r t i s e m e n t With Us

February 14, 2020

ဘန်ကောက်မြို့လယ်တွင် ပစ်ခတ်မှုဖြစ်

ထိုင်းနိုင်ငံ မြို့ပြ ကုန်တိုက်ကြီးတွေမှာ ခုလပိုင်းတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့မနက်မှာလည်း ဘန်ကောက်မြို့လယ်ခေါင်မှာ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။  ဘန်ကောက် ပထုန်ဝမ်းနယ်မြေ ဝမ်းမိုင်ရပ်ကွက် ကျူလားလမ်း ၁၀ - ၁၂ လမ်းကြားက အားကစားဝတ်စုံအရောင်းဆိုင်မှာ ဒီနေ့မနက် ၄ နာရီကျော်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့  ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကရစ္စန ဖတ်ထန ကျရွန်းက သတင်းထောက်တွေကို ပြောပါတယ်။  ပစ်ခတ်မှုကျူးလွန်သူမှာ အသက် ၄၈ နှစ်ရွယ်ရှိ နိုင်းဧကချိုင်း ကျာရစ်ဆီလပါ ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့  မိသားစုဝင်တို့ ၅ နာရီလောက်ကြာ ဝိုင်းဝန်းဖျောင်းဖျ ညှိနှိုင်းပြီးတဲ့နောက် ဒီနေ့မနက် ၁၀ နာရီမှာ အဖမ်းခံခဲ့ပါတယ်။  နိုင်းဧကချိုင်းမှာ အိမ်တွင်းရေးပြဿနာ၊ ကိုယ်ရေးကိုယ်တာဖိစီးမှုတွေကြောင့် ပေါက်ကွဲပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့  ဝန်ခံသွားပါတယ်။  ဒီပစ်ခတ်မှုမှာ ထိခိုက်သေဆုံး ဒဏ်ရာရသူ တဦးတယောက်မှ မရှိပေမဲ့ အချက်ပေါင်း ၂၀ ကျော် ပစ်ခတ်ခဲ့တာကြောင့် အနီးနားက နေအိမ်မှန်ပြူတင်းပေါက်တွေ၊ တံခါးပေါက်တွေ နံရံတွေပါ ထိမှန်ပျက်စီးခဲ့ရပါတယ်။  ဒါ့အပြင် သူဟာ မနက်မိုးမလင်းခင်ကတည်းက သေနတ်နဲ့ အချက်ပေါင်းများစွာ ဝှေ့ရမ်းပစ်ခတ်ခဲ့တာကြောင့် အနီးနားရှိလူတွေ ထိတ်လန့်ပြီး ကစင့်အလျား ထွက်ပြေးခဲ့ရပါတယ်။   လောလောဆယ် ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာကို ရဲတွေက နယ်မြေရှင်းလင်းနေဆဲမို့ ဆုံးရှုံး မှုပမာဏကို မသိရသေးဘဲ ပစ်ခတ်သူ အသုံးပြုခဲ့တဲ့ သေနတ်ကို စစ်ဆေးနေဆဲဖြစ်ပါတယ်။  ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လက လုပ်ပူရီခရိုင် လုပ်ပူရီမြို့ရော်ဘင်ဆန်ကုန်တိုက်ကြီးထဲမှာ နေ့ခင်းကြောင်တောင် ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရပြီး အသက် ၂ နှစ်ရွယ်ကလေး ၁ ဦးအပါအဝင် လူ ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။  ဒါ့အပြင် ဒီလ ၈ ရက်နေ့ ညနေပိုင်းက နခွန်းရာ့ချ်ဆီမားခရိုင် ခိုရတ်မြို့မှာ ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်တဦးက သူ့အထက်အရာရှိ၊ စစ်သား၊ ရဲနဲ့ ပြည်သူတွေကို ပစ်ခတ်ခဲ့လို့  ပစ်ခတ်သူအပါအဝင် လူ ၃၀ သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။  အခုလို မြို့ထဲက ကုန်တိုက်ကြီးတွေမှာ ပစ်ခတ်မှုဖြစ်တာကြောင့် ထိုင်းပြည်သူတွေ ကြောက်ရွံ့တုန်လှုပ်လို့မှ မပျောက်သေးခင် ဘန်ကောက်မြို့လယ်မှာ ပစ်ခတ်မှု ထပ်မံဖြစ်ပွါးခဲ့တာပါ။  ကိုးကား -ထိုင်းရတ်သတင်း
12 months Ago
Up