အားကစားပွဲများ

November 24, 2020

လော့ဒေါင်းအပြီး ကူးစက်မှုအနည်းဆုံး ဗြိတိန်ဒေသများ၌ အားကစားပွဲများကို ပရိသတ် ကြည့်ခွင့်ပြုမည်

ဗြိတိန်တနိုင်ငံလုံး လော့ဒေါင်းကို ရုပ်သိမ်းချိန် ကူးစက်မှု အနည်းဆုံး အင်္ဂလန်ဒေသတွေမှာ  လေဟာပြင်အားကစားပွဲတွေကို ပွဲကြည့်ပရိသတ် ၄,၀၀၀ အထိ ခွင့်ပြုသွားမယ်လို့ နိုဝင်ဘာလ ၂၃ ရက်မှာ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ကိုဗစ်ကူးစက်မှု ကန့်သတ်ချက်အသစ်အရ ပထမအဆင့်နဲ့ ဒုတိယအဆင့်ဒေသ  အားကစားပွဲတွေမှာ စုစုပေါင်း ၂,၀၀၀ ကို ခွင့်ပြုသွားမှာပါ။ ဒါပေမဲ့ တတိယအဆင့် ဒေသတွေမှာတော့ ခွင့်ပြုမှာမဟုတ်ဘူးလို့ ဘီဘီစီက ဆိုပါတယ်။ တနိုင်ငံလုံး လော့ဒေါင်းကြေညာတဲ့ နိုဝင်ဘာလ ၁ ရက်ကစလို့ အင်္ဂလိပ် ပရီမီးယာလိဂ် ဘောလုံးပွဲစဉ်တွေကို ပရိသတ်တွေမပါဘဲ ဆက်ကျင်းပနေပါတယ်။ ဗြိတိန်မှာ ပထမဆုံးအကြိမ် လော့ဒေါင်း ကြေညာတဲ့ မတ်လကတည်းက အားကစားပွဲတွေမှာ ပရိသတ်တွေကို ကြည့်ရှုခွင့်မပြုခဲ့ပါဘူး။  အားကစားပွဲတွေမှာ အဆင့်အလိုက် ပရိသတ် ကြည့်ရှုခွင့်ပြုမယ့် အစီအစဉ်ကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အတည်ပြုထားပါတယ်။ အင်္ဂလန်ရဲ့ ဘယ်ဒေသကို အဆင့်ဘယ်လောက်သတ်မှတ်မလဲ ဆိုတာကို နိုဝင်ဘာ ၂၇ ရက်မှာ အစိုးရအနေနဲ့ ကြေညာနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဝန်ကြီးချုပ်ဂျွန်ဆင်က ထပ်လောင်းပြောပါတယ်။
5 months Ago
Up