အားကစားပြိုင်ပွဲ

A d v e r t i s e m e n t With Us

April 12, 2020

Lockdown သတ်မှတ်ရက်နောက်ပိုင်း အီတလီ အားကစားပြိုင်ပွဲများ ပြန်စခွင့်ပြုရန် တောင်းဆို

အီတလီနိုင်ငံမှာ မေလ ၃ ရက်အထိ Lockdown ချထားတာကြောင့် အီတလီ စီးရီးအေပြိုင်ပွဲ ပြန်လည်စတင်နိုင်ဖို့ ခက်ခဲနေပါတယ်။  အီတလီနိုင်ငံဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် အများဆုံးကူးစက်ခံထားရပြီး  လူပေါင်း ၁ သိန်းခွဲကျော် ကူးစက်ခံထားရသလို သေဆုံးသူက ၂ သောင်းနီးပါးရှိလာပါတယ်။  ဒါကြောင့် အီတလီအစိုးရဘက်က တနိုင်ငံလုံးကို အိမ်အပြင်မထွက်ရဘဲ မေ ၃ ရက်နေ့အထိ Lockdown ချထားဖို့ ဆုံးဖြတ်ခဲ့ပါ။   မေလ ၃ ရက်နေ့အထိ Lockdown  ချထားပေမဲ့ အီတလီ အားကစားဝန်ကြီး စပါဒါဖော်ရာကတော့ Lockdown ချပြီး နောက်တနေ့ မေလ ၄ ရက်မှာ စီးရီးအေပြိုင်ပွဲကိုပြန်လည်စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။  ဘောလုံးအားကစားနည်းအပြင် တခြားအားကစားပြိုင်ပွဲတွေကိုလည်း မေလ ၄ ရက်နေ့ ပြန်လည်စတင်နိုင်ဖို့အတွက် အိုလံပစ်ကော်မတီဥက္ကဋ္ဌထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။
11 months Ago
Up