အားကစားကလောင်ရှင်အဖွဲ့အစည်း

April 30, 2019

အားကစားကလောင်ရှင် အဖွဲ့အစည်းက ချီးမြှင့်သည့် အကောင်းဆုံးဆု စတာလင် ရရှိ

အားကစားကလောင်ရှင် အဖွဲ့အစည်း FWA က ချီးမြှင့်တဲ့ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံးကစားသမားဆုကို မန်စီးတီး တောင်ပံကစားသမား စတာလင် ရရှိသွားပါတယ်။ စတာလင်ဟာ ပရောက်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း PFA က ချီးမြှင့်တဲ့ ဆုနဲ့ လွဲချော်ခဲ့ပေမယ့် ကလောင်ရှင်တွေက ချီးမြှင့်တဲ့ဆုကိုတော့ ဗန်ဒိုက်ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာပါ။ FWA အဖွဲ့ကို အားကစားကလောင်ရှင် ၄၀၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး စတာလင်က မဲစုစုပေါင်းရဲ့ ၆၂ ရာခိုင်နှုန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။ စတာလင်ဟာ ပရီးမီးယားလိဂ်မှာ ၁၇ ဂိုးသွင်းပြီး ၁၂ ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။ ဒုတိယမဲအများဆုံးအဖြစ် ဗန်ဒိုက်က ရရှိခဲ့ပြီး တတိယအများဆုံးကတော့ အဂွေရိုက ရယူနိုင်ခဲ့ပါတယ်။ တခြားကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း၊ ဟာဇက်၊ လာကာဇက်တီ၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဒေးဗစ်ဆေးလ်ဗားတို့ကို မဲပေးသူတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
2 years Ago
Up