အာမေးနီးယား

September 4, 2018

အဇာဘိုင်ဂျန်ကလပ် ကွာရာဘက်နှင့်ပွဲတွင် မစ်ခီတာယန်း ပါဝင်ရန် မသေချာ

အာဆင်နယ်ကစားသမား မစ်ခီတာယန်းအနေနဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတွေရဲ့ နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် အဇာဘိုင်ဂျန်ကလပ် ကွာရာဘက်နဲ့ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ မသေချာဘဲ ဖြစ်နေပါတယ်။ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကွာရာဘက် အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာပါ။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတွေဟာ နာဂေါ်နိုနဲ့ ကာရာဘက် နယ်မြေအငြင်းပွားမှုကြောင့် သံတမန်ဆက်ဆံရေးမရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါကြောင့် အာမေးနီးယား ကစားသမား မစ်ခီတာယန်းအနေနဲ့ အဇာဘိုင်ဂျန်နိုင်ငံထဲ ဝင်ခွင့်ရဖို့အတွက် ဗီဇာပြဿနာ ရှိနေတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က မစ်ခီတာယန်းအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးဖို့ အဇာဘိုင်ဂျန်နိုင်ငံဆီ စာပို့ပြီး အကူအညီတောင်းပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ မစ်ခီတာယန်းဟာ ဒေါ့မွန်အသင်းမှာ ကစားခဲ့တဲ့ ၂၀၀၅ ခုနှစ်က အဇာဘိုင်ဂျန်ကလပ် ဂါဘယ်လာအသင်းနဲ့ပွဲမှာ ပြည်ဝင်ခွင့်ဗီဇာ မရခဲ့တာကြောင့် ပါဝင်ကစားခွင့် မရခဲ့ပါဘူး။
3 years Ago

July 27, 2018

တရားမဝင် အာဏာရယူခဲ့မှုဖြင့် အာမေးနီးယား သမ္မတဟောင်းကို တရားစွဲ

အာမေးနီးယား သမ္မတဟောင်းကို တရားမဝင် အာဏာရယူခဲ့မှုနဲ့ အစိုးရရှေ့နေတွေက တရားစွဲဆိုလိုက်ပါတယ်။ သူ့ကို ဖမ်းဆီးမိန့်ပေးဖို့လည်း တရားရုံးကို လျောက်ထားခဲ့ပါတယ်။ အာမေးနီးယားနိုင်ငံမှာ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့ပြီး ၃ လအကြာမှာ အခုလို သမ္မတဟောင်းကို တရားစွဲဆိုလိုက်တာလည်း ဖြစ်ပါတယ်။ အာမေးနီးယားနိုင်ငံမှာ လာဘ်စားမှု၊ အစိုးရနဲ့ နီးစပ်သူတွေကို စီးပွားရေးလုပ်ပိုင်ခွင့် ပေးမှုတွေအပေါ် ဆန္ဒပြမှု ဖြစ်ပွားခဲ့အပြီး အစိုးရအပြောင်းအလဲ ဖြစ်ပေါ်ခဲ့တာပါ။ သမ္မတဟောင်း ကိုချာယန်ဟာ အာမေးနီးယားရဲ့ ဒုတိယမြောက် သမ္မတအဖြစ် ၁၉၉၈ ခုနှစ်ကနေ ၂ဝဝ၈ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ကို ၂ဝဝ၈ ခုနှစ် ရွေးကောက်ပွဲပြီးကာလ အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အမိန့်ကို ချိုးဖောက်ခဲ့မှု၊ တရားမဝင် အာဏာရယူခဲ့မှုနဲ့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ ဆာ့ဆာဆယန် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အတိုက်အခံပါတီကလည်း ၂ဝဝ၈ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူ ၁ဝ ဦး သေဆုံးခဲ့ပါတယ်။
4 years Ago
Up