အာမေးနီးယန်း ၁.၅ သန်း အသတ်ခံရမှု ပုပ်ရဟန်းမင်းကြီးပြောဆိုချက် အမုန်းတရား နှိုးဆော်ဟု တူရကီပြော

June 24, 2015

လျှပ်စစ်ဓာတ်အားသုံးစွဲခ မြှင့်မှုကြောင့် ဆန္ဒပြသူများကို အာမေးနီးယားရဲ ဖြိုခွဲ

အာမေးနီးယားနိုင်ငံ မြို့တော် ယဲရဗန်မှာ လျှပ်စစ်ဓာတ်အား သုံးစွဲခတွေ မြှင့်ဖို့ အစိုးရရဲ့ လတ်တလော ကြေညာချက်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို ဇွန် ၂၃ ရက် အင်္ဂါနေ့မှာ အာမေးနီးယန်းရဲတွေက ရေပိုက်တွေသုံးပြီး လူစုခွဲခဲ့ကြပါတယ်။ ဆန္ဒပြသူ အတော်များများကို ရဲတွေက ခေါ်သွားပြီး ထိခိုက်ဒဏ်ရာ ရကြသူတွေကိုလည်း လူနာတင်ယာဉ်တွေနဲ့ ဆေးရုံပို့ခဲ့ကြတယ်လို့ ရိုက်တာသတင်းထောက်က ပြောပါတယ်။ ဆန္ဒပြပွဲကို ဇွန် ၂၂ ရက် တနင်္လာနေ့က စတင်ခဲ့ကြပြီး ဆန္ဒပြသူ အယောက် ၅၀၀ လောက်ဟာ သမ္မတ အိမ်တော်ဆီ ချီတက်ခဲ့ကြပါတယ်။ ဒါပေမယ့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက တားဆီးခဲ့လို့ ထိုင်သပိတ်ကို စတင်ခဲ့ပြီး မြို့ထဲ လမ်းကျယ်မှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့ပါတယ်။ ရဲတွေက လမ်းဖယ်ပေးဖို့ ပြောဆိုခဲ့ပေမယ့် ဆန္ဒပြသမားတွေက ငြင်းဆန်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တပတ်က ပြည်နယ် စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်က  သြဂုတ် ၁ ရက်နေ့ကစပြီး လျှပ်စစ်ခွန်ကို ၁၇ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းထိ တိုးမြှင့်လိုက်ဖို့ ဆုံးဖြတ်ချက်ကြောင့် ဘာနိုင်ငံရေးပါတီနဲ့မှ မဆက်စပ်ထားဘဲ တက်ကြွလှုပ်ရှားသူ လူငယ်တွေက ဒီဆန္ဒပြမှုကို စီစဉ်ခဲ့တာပါ။ အာမေးနီးယားနိုင်ငံမှာ လျှပ်စစ်ဓာတ်အားကွန်ရက်အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ ရုရှားနိုင်ငံက Inter RAO ကုမ္ပဏီရဲ့ လက်အောက်ခံကုမ္ပဏီတခုက အာမေးနီးယားနိုင်ငံရဲ့ ငွေကြေး ဒရမ်ဈေးနှုန်း ကျဆင်းနေတဲ့အတွက် လျှပ်စစ်သုံးစွဲခကို အနည်းငယ် တိုးပေးဖို့ မေတ္တာရပ်ခံချက် ထွက်လာပြီးနောက်မှာ အုံကြွဆန္ဒပြမှု ဖြစ်လာခဲ့တာပါ။ ငွေဈေးဟာ ဒီနှစ်အစောပိုင်းမှာ တဒေါ်လာကို ၄၀၇ ဒရမ် ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် ဇွန် ၂၂ ရက်နေ့မှာတော့ ၄၇၃ ဒရမ်ထိ ငွေတန်ဖိုး ကျဆင်းခဲ့ပါတယ်။ လူဦးရေ ၃ ဒသမ ၂ သန်းရှိတဲ့ ဆိုဗီယက်သမ္မတနိုင်ငံဟောင်း ဖြစ်တဲ့ အာမေးနီးယားနိုင်ငံမှာ ရုရှားနိုင်ငံက စီးပွားရေးကျဆင်းမှုဒဏ်ကို ဆိုးဆိုးရွားရွား ကြုံရတာကြောင့် ပို့ကုန်လုပ်ငန်းတွေ ထိခိုက်ခဲ့ပြီး ရုရှားမှာ အလုပ်လုပ်နေတဲ့ အာမေးနီးယား အလုပ်သမားတွေဆီကနေ ငွေပြန်ပို့တဲ့ ပမာဏတွေလည်း အများကြီး လျော့နည်းသွားခဲ့ရပါတယ်။
6 years Ago
Up