အာနော်တိုဗစ်

September 4, 2018

၎ ပွဲဆက်တိုက်ရှုံးနိမ့်မှု လက်ခံနိုင်စရာမဟုတ်ဟု ဝက်စ်ဟမ်းတိုက်စစ်မှူး ပြော

၎ ပွဲဆက်တိုက် ရှုံးနိမ့်မှုဟာ လက်ခံနိုင်စရာရလဒ် မဟုတ်ဘူးလို့ ဝက်စ်ဟမ်းတိုက်စစ်မှူး အာနော်တိုဗစ်က ပြောကြားလိုက်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အခုနှစ် အပြောင်းအရွှေ့မှာ ငွေကြေးအမြောက်အမြား သုံးပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားပေမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၄ ပွဲစလုံး ရှုံးနိမ့်ခဲ့တာပါ။ ဒီလိုရလဒ်တွေဟာ ဘောလုံးမှာ ဖြစ်လေ့ရှိပေမယ့် လက်ခံဖို့ခက်ခဲပြီး ကစားသမားတွေ၊ ပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူတွေ အားလုံးအတွက် နိုင်ပွဲရှာတွေ့ဖို့ လိုတယ်လို့ အာနော်တိုဗစ်က ပြောပါတယ်။ မိမိတို့အသင်းဟာ ကစားသမားကောင်းတွေ အများကြီးရှိတယ်ဆိုတာ သိပေမယ့် ကွင်းထဲမှာ အဲဒီအရည်အသွေးတွေကို ချပြနိုင်ဖို့လည်း လိုတယ်လို့ အာနော်တိုဗစ်က ဆိုပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့တပတ်က တန်းတက် ဝုဗ်အသင်းကို အိမ်ကွင်းမှာ ရှုံးခဲ့သလို အာဆင်နယ်၊ ဘုန်းမောက်နဲ့ လီဗာပူးအသင်းတွေကိုလည်း ရှုံးနိမ့်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းအနေနဲ့ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာတော့ အဲဗာတန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရဖို့ ရှိနေပါတယ်။
3 years Ago
Up