အာသာ

June 26, 2020

ဘာစီလိုနာက အာသာနှင့် ဂျူဗင်တပ်က ပီယာနစ်တို့ကို အလဲအထပ်လုပ်ရန် နီးစပ်

ဘာစီလိုနာနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အာသာ နဲ့ ပီယာနစ်တို့ကို အလဲအထပ်ပြုလုပ်သွားဖို့ နီးစပ်နေပါတယ်။  ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဘာစီလိုနာကွင်းလယ်လူ အာသာကို ဂျူဗင်တပ်အသင်းက ရာသီအကုန်မှာ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တာလို့ စကိုင်းစပေါ့သတင်းမှာ ဖော်ပြခဲ့တာပါ။  တဆက်တည်းမှာပဲ ဂျူဗင်တပ်ကွင်းလယ်လူ ပီယာနစ်ဟာလည်း ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။  ဘာစီလိုနာက ဘရာဇီးကွင်းလယ်လူ အာသာ ဘက်ကတော့ ဂျူဗင်တပ်အသင်းမှာ လုပ်ခ ပိုမိုရရှိဖို့ တောင်းဆိုထားတာကြောင့် ဆက်ပြီး ညှိနိုင်းရဖွယ်ရှိတယ်လို့ သိရပါတယ်။  အသက် ၃၀ အရွယ် ဘော့ဇနီးယားကွင်းလယ်လူ ပီယာနစ်ဟာ  ဂျူဗင်တပ်အသင်းမှာ ပွဲ ထွက်ကစားနေပေမယ့် လူငယ်ကွင်းလယ်လူ အာသာ နဲ့ အစားထိုးဖို့ ဂျူဗင်တပ်နည်းပြ ဆာရီက အလို ရှိနေတာလို့ သိရပါတယ်။ 
12 months Ago

April 30, 2020

ဘာစီလိုနာကနေ ပြောင်းရွှေ့မည်မဟုတ်ဟု ကွင်းလယ်လူ အာသာပြော

အပြောင်းအရွှေ့သတင်းတွေ ထွက်နေပေမယ့် အသင်းပြောင်းရွှေ့မှာ မဟုတ်ကြောင်း ဘာစီလိုနာ ကွင်းလယ်ကစာသးမား အာသာက ပြောပါတယ်။  ဘရာဇီးကွင်းလယ်လူ အာသာကို ဂျူဗင်တပ်အသင်းက ခေါ်ယူလိုနေပြီး အကြို သဘောတူညီမှုရဖို့တောင် နီးစပ်နေတယ်လို့ သတင်းထွက်ပေါ်နေသလို စပါးအသင်းနည်းပြ မော်ရင်ညိုကလည်း ခေါ်ယူလိုတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။  အာသာဟာ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းခဲ့ပြီး ကောလာဟလ သတင်းတွေသာဖြစ်တယ်လို့ ပြောပါတယ်။  ဘာစီလိုနာအသင်းမှာ ဆက်ကစားဖို့ကပဲ အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်ဆိုတာ ရှင်းလင်းလိုကြောင်း ဘာစီလိုနာက မိသားစုတစ်ခုလိုခံစားရပြီး ပွဲထွက် ကစားခွင့်ပေးတဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းကို ကျေးဇူးတင်ကြောင်းလည်း အာသာက ပြောပါတယ်။  အသက် ၂၃ နှစ်ရှိ အာသာဟာ အသင်းမှာခြေစွမ်းပြနေပေမယ့် အခုနှစ်မှာ ဒဏ်ရာပြဿနာတချို့ရှိခဲ့လို့  လာလီဂါ ၁၆ ပွဲသာ ကစားထားပါတယ်။
1 year Ago
Up