အာလူး

A d v e r t i s e m e n t With Us

January 10, 2021

ရှမ်းပြည် တောင်သူများထံမှ အာလူး၊ ခရမ်းချဉ်သီးနှင့် ဂေါ်ဖီထုပ်များ တပ်မတော်ဝယ်ယူ

ကိုဗစ်ကြောင့် သီးနှံတွေ ရောင်းချဖို့ခက်နေတဲ့ ရှမ်းပြည်နယ် ပင်းတယနဲ့ ညောင်ရွှေမြို့နယ်ထဲက တောင်သူတွေဆီကနေ အာလူး၊ ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီထုပ်တွေကို တပ်မတော်က ဝယ်ယူခဲ့ပါတယ်။

ရောဂါကြောင့် သွားတာလာတာတွေ ရပ်နေပြီး သီးနှံတွေကို ဝယ်သူနည်းနေလို့ ဒေသခံတောင်သူတွေ အနေနဲ့ ရောင်းချဖို့ အခက်အခဲဖြစ်ပြီး ပျက်စီးဆုံးရှုံးနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဒါကြောင့် နယ်မြေခံတပ်မတော်သာတွေက စိုက်ခင်းတွေဆီသွားပြီး ဒေသခံတောင်သူတွေ ရောင်းချပေးနိုင်တဲ့ ဈေးနှုန်းနဲ့ ရာသီသီးနှံတွေကို ဝယ်ယူပေးနေတယ်လို့ ဆိုပါတယ်။

မနေ့ကတော့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျားကုန်းရွာနဲ့ ပွင့်လန်းကျေးတို့က ဒေသခံတောင်သူတွေဆီကနေ အာလူး ပိဿာ ၃၀၀ဝ၊ ခရမ်းချဉ်သီး ပိဿာ ၁၅၀၀ နဲ့ ဂေါ်ဖီထုပ် ၁၀၀၀ ထုပ်တို့ကို ဝယ်ယူခဲ့ပါတယ်။

ပင်းတယမြို့နယ်၊ ပွေးလှရွာနဲ့ ညောင်ရွှေမြို့နယ်၊ မှော်ဘီတို့မှာလည်း ခရမ်းချဉ်သီး ပိဿာ ၃၅၀၀ နဲ့ ဂေါ်ဖီ ၆၅၀၀ ထုပ်တို့ကို ဇန်နဝါရီ ၆ ရက်မှာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ် ပထမလှိုင်းတုန်းကလည်း တပ်မတော်ဟာ ဒေသခံတောင်သူတွေဆီကနေ သီးနှံတွေ ဝယ်ယူခဲ့ပါသေးတယ်။

အခုလည်း အသွားအလာကန့်သတ်ချက်တွေကြောင့် ဒေသတော်တော်များများက ရာသီ သီးနှံထွက်ကုန်တွေ ဈေးကျတာ၊ အဝယ်မလိုက်လို့ ပျက်စီးတာတွေ ဖြစ်နေပါတယ်။

2 months Ago

May 9, 2020

ရောင်းမကုန် အာလူးများကို အမေရိကန်ယာသမားများ လှူဒါန်းပေးဝေ

ရောင်းမကုန်တဲ့ အာလူးတွေ အလဟဿ မဖြစ်အောင် အမေရိကန် ယာသမားကြီးတွေ အာလူးတွေကို အလှူပေးနေပါတယ်။  ဝါရှင်တန်ပြည်နယ် အနောက်ပိုင်းက ရှော့ပင်းမောလ်တခုမှာ ရာနဲ့ချီတဲ့ မော်တော်ကားတွေ လာရောက်တန်းစီပြီး  ဝေငှနေတဲ့ အာလူးတွေကို ကားပေါ်တင်နေကြတာပါ။   အိုင်ဒါဟိုပြီးရင် ဒုတိယမြောက် အာလူးစိုက်ပြည်နယ်ဖြစ်တဲ့  ဝါရှင်တန်မှာ ပုံမှန်ဆိုရင် အာလူးတွေကို အာလူးကြော်၊ အာလူးစားဖွယ် အဖြစ် အဆင့်ဆင့် ပြုပြင်ဖန်တီးပါတယ်။  ဝါရှင်တန် ပြည်နယ်ထွက် အာလူးတွေရဲ့ ၉၀ ရာခိုင်နှုန်းဝန်းကျင်ကို စားသောက်ကုန်လုပ်ငန်းအတွက် ပြုပြင်ဖန်တီးပြီး တဝက်နီးပါးက နိုင်ငံတကာဈေးကွက်တွေဆီ တင်ပို့တာပါ။   ပုံမှန် ဇူလိုင်လ ရိတ်သိမ်းချိန်မတိုင်ခင်  ကုန်နေတတ်တဲ့ ဂိုဒေါင်တွေထဲမှာ အခုတော့  အာလူးတွေ ဒီအတိုင်း ရှိနေပါတယ်။  ဒီတော့ စားသောက်ကုန်လုပ်ငန်း ကွင်းဆက်အပေါ်  ကပ်ရောဂါ သက်ရောက်မှုကို ကမ္ဘာတဝန်းက လူတွေအပေါ်  ဘယ်လိုသက်ရောက်နေလဲဆိုတာ အာလူး လှူနေတဲ့ ယာသမားကြီးတွေက သက်သေပြနေပါတယ်။ 
10 months Ago
Up