အာလိန်ငါးဆင့်ဘုရား

January 13, 2021

အာလိန်ငါးဆင့်ဘုရားဝင်းတွင် အကျဉ်းချုံးကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲ (ဓာတ်ပုံ) 

၂၇၆၀ ပြည့်နှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ရန်ကုန်တိုင်း၊  အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ဂဘာအာလိန်ငါးဆင့်ဘုရားဝင်းမှာ ဒီကနေ့မနက်က ကရင်တိုင်းရင်းသားအနည်းငယ်နဲ့ အကျဉ်းချုံး ကျင်းပပါတယ်။ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်) ဥက္ကဋ္ဌ ပါမောက္ခ ဖဒိုမန်းရွှေပြည်အေးက "ပုံမှန်အတိုင်းမြို့နယ်အဆင့်ဆင့်ကို ခွင့်ပြုမိန့်တင်ရပါတယ်။ ကိုဗစ်ကာလဆိုတော့ ကျန်းမာရေးအရ ကန့်သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာပြီးလုပ်တာပါ။ အလံတင်အခမ်းအနားရယ် ဟောပြောပွဲရယ်ပဲ လုပ်ပါတယ်"လို့  ပြောပါတယ်။ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို အရင်နှစ်တွေက  ပြိုင်ပွဲတွေ၊ ကရင်ရိုးရာအကတွေ၊ ပွဲလမ်းသဘင်တွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပြီး အခုနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် အကျဉ်းချုံးကျင်းပတာ ဖြစ်ပါတယ်။ Photo - Ye Myo Khant / MPA
2 years Ago
Up