မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
အာရှအနွယ်များ
Home
အာရှအနွယ်များ
A
d
v
e
r
t
i
s
e
m
e
n
t
With Us
May 30, 2020
1.9K
အာရှအနွယ်များအပေါ် ဆန့်ကျင်မှု ONE Championship ကမ္ဘာ့ချန်ပီယံများ လက်မခံ
အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ဒဏ်ကြောင့် ကမ္ဘာကြီးရဲ့ရပ်တည်နေထိုင်မှုက ယိုင်နဲ့ သွားသလို ကျန်းမာရေးနယ်ပယ်မှာဆိုရင်လည်း ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ဆေးဝါး ထွက်ပေါ်မလာသေးလို့ ကမောက်ကမဖြစ်စဉ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ဟန့်တားနိုင်ရေးအတွက် လူတွေကို မိမိတို့ရဲ့ နေအိမ်တွေမှာ ပဲနေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားတာကြောင့်လည်း စီးပွားရေးကျဆင်းလျက်ရှိပါတယ်။
လူစုလူဝေး လုပ်ခြင်းကို တားမြစ်ထားတာကြောင့်လည်း အားကစားပြိုင်ပွဲတွေ၊ ဈေးဝယ်စင်တာတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ရုပ်ရှင်ရုံတွေ ပိတ်သိမ်းထားဆဲ ဖြစ်တာကြောင့် ကမ္ဘာ့စီးပွားရေးက ကျဆင်းနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ပြန့်ပွားခဲ့တာဖြစ်ပြီး ၅ လတာအတွင်း ကမ္ဘာတစ်လွှားက လူ ၅ သန်းကျော်ကူးစက်ကာ ၃ သိန်းခွဲကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
ရောဂါပိုးစတင်ဖြစ်ပေါ်ရာဒေသက အာရှတိုက်ဖြစ်ပေမယ့်လည်း ထိခိုက်သေဆုံးမှု အမြင့်ဆုံးက မြောက်အမေရိက၊ ဥရောပနဲ့ တောင်အမေရိကတိုက်တွေဖြစ်ပြီး တရုတ်နိုင်ငံမှာဆိုရင် ရောဂါပိုးကို ထိန်းချုပ်နိုင်တဲ့အဆင့် ရှိနေပါတယ်။
အခြားအာရှနိုင်ငံတွေဆိုရင်လည်း ရောဂါကူးစက်နှုန်းနဲ့ သေဆုံးနှုန်းက ကျဆင်းလျက်ရှိပါတယ်။
အဆိုပါ ကပ်ရောဂါဆိုးကိုအကြောင်းပြုလို့ ကမ္ဘာတလွှား အာရှတိုက်သား ဒါမှမဟုတ် အာရှနွယ်ဖွားတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေ ဖြစ်ပေါ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိရာဒေသက အာရှတိုက်ဖြစ်သလို ကမ္ဘာ့အရှေ့ဖျားဒေသကနေ ကမ္ဘာတဝန်း ပျံ့နှံ့ရောက်ရှိခဲ့တာက လက်မခံလို့မရတဲ့ ပကတိအရှိတရားပါ။
ဒါပေမဲ့လည်း အခြားသော လူ့အဖွဲ့အစည်းနဲ့ အသိုက်အဝန်းတွေက အာရှတိုက်သားတွေနဲ့ အာရှနွယ်ဖွားတွေအပေါ် ရာဇဝတ်ပြစ်မှုတစုံတရာ ကျူးလွန်ထားသူတွေလို ဆန့်ကျင်တာ၊ နှိမ့်ချ စော်ကားတာတွေ လုပ်လျက်ရှိနေပါတယ်။
အာရှတိုက်နဲ့ အာရှသားတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာကြီးကို ဒုက္ခပေးနေတယ်လို့ အသိဉာဏ်တိမ်တဲ့လူတွေ ရှိနေပါ တယ်။
အထူးသဖြင့် လူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ အာရှနွယ်ဖွား အမေရိကန်နိုင်ငံသားတွေဟာ သူတို့ရဲ့မျိုးရိုးဗီဇကြောင့် ဆန့်ကျင်စော်ကားမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအများဆုံးနိုင်ငံအဖြစ် လူဦးရေ ၁ ဒသမ ၇ သန်းကျော် ကူးစက်ခံထားရသလို ၁ သိန်းကျော် သေဆုံးကာ လူသေဆုံးမှုအများဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးက ရပ်တည်လျက်ရှိပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ဗိုင်းရပ်စ်လို့ တရားဝင်သုံးနှုန်းခဲ့လို့ တရုတ်နိုင်ငံနဲ့ ကတောက်ကဆဖြစ်ခဲ့သလို CBS သတင်းဌာနက အိမ်ဖြူတော်သတင်းထောက် Weijia Jiang ရဲ့မေးခွန်းတွေအပေါ် မသိကျိုးကျွံပြုပေါင်း များခဲ့တာကလည်း ဝေဖန်စရာဖြစ်ခဲ့ပါတယ်။
၃၆ နှစ် အရွယ် Jiang ဟာ တရုတ်လူမျိုးဖြစ်ပြီး အသက် ၂ နှစ်အရွယ်မှာပဲ မိဘတွေနဲ့အတူ အမေရိကန်ကို အခြေချနေထိုင်ခဲ့တာပါ။
အာရှ-အမေရိကန်နွယ်ဖွား Jiang ဟာ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွေမှာ သမ္မတထရမ့်နဲ့ မကြာခဏဆိုသလို အချေအတင်ဖြစ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ “ငါ့ကို မမေးနဲ့၊ တရုတ်နိုင်ငံကို သွားမေး” လို့ ဖြေကြားဖူးပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ နေထိုင်လျက်ရှိတဲ့ အာရှနွယ်ဖွား အမေရိကန် နိုင်ငံသားတွေဟာ ဆန့်ကျင်ခံရခြင်း၊ အနှိမ်ခံရခြင်း၊ လူမျိုးရေး ခွဲခြားခံရခြင်းတွေ ရှိနေပါတယ်။
ဒီအပြုအမူတွေအပေါ် ဖိလစ်ပိုင် အဆိုတော်/သရုပ်ဆောင် Lea Salonga၊ ကိုရီးယားနွယ်ဖွား အမေရိကန် ဒါရိုက်တာ/သရုပ်ဆောင်/ထုတ်လုပ်သူ Eugene Lee Yang ၊ ကိုရီးယားနွယ်ဖွား အမေရိကန်ဟာသ သရုပ်ဆောင်/ ဖက်ရှင်ဒီဇိုင်နာ/စာရေးဆရာ/တေးရေး တေးဆို Margaret Cho တို့က လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship က ကမ္ဘာ့ချန်ပီယံအချို့ကလည်း အာရှသားတွေအပေါ် ယခုလို ခွဲခြားဆက်ဆံတာတွေကို လက်မခံဘူးလို့ ပြောပါတယ်။
စင်ကာပူအခြေစိုက် ONE Championship ဟာ အာရှအကြီးဆုံးအားကစားမီဒီယာ အဖွဲ့အစည်း ဖြစ်သလို ပါရမီရှိတဲ့ အာရှတိုက်သား အားကစားသမားတွေကို ကမ္ဘာ့စင်မြင့်ထက် အစွမ်းပြခွင့်ရအောင် ဖန်တီးပေးထားပါတယ်။
ONE Championship ကို အာရှတိုက်ရဲ့ စည်းလုံးညီညွတ်မှုပြယုဂ်လို့ ခေါ်ဆိုနိုင်သလို အာရှနိုင်ငံတွေရဲ့ ယဉ်ကျေးမှုပေါင်းစုံနဲ့အတူ ပြိုင်ပွဲတွေ ကျင်းပပေးလျက်ရှိပါတယ်။
အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသမား “Unstoppable” Angela Lee က အာရှတိုက်သားတွေ ပိုမိုစည်းလုံးဖို့ အချိန်ရောက်ပြီလို့ တိုက်တွန်းပါတယ်။
အသက် ၂၃ နှစ်အရွယ် ၎င်းဟာ စင်ကာပူ ဖခင်၊ ကိုရီးယား မိခင်တို့က မွေးဖွားကာ အမေရိကန်နိုင်ငံသားအဖြစ် ဟာဝိုင်ယီမှာ နေထိုင်လျက်ရှိသူပါ။
“အာရှသားတွေကို ဦးတည်တဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ အကြမ်းဖက်မှုတွေက ပိုများလာနေပါတယ်။ ကျမတို့ တခုခု လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ လက်ရှိအချိန်က ကျမတို့တတွေ အရင်ကထက် ပိုပြီးစည်းလုံးရမယ့်၊ အတူတကွ လုပ်ဆောင်သွားကြရမယ့် အချိန်ကောင်း ဖြစ်ပါတယ်” လို့ ၁၀ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်းပိုင်ရှင် Angela Lee က ပြောပါတယ်။
ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဗီယက်နမ်-သြစတြေးလျ အားကစားသမား Martin “The Situ-Asian” Nguyen ကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အာရှသားတွေကို မလှောင်ပြောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
“COVID-19 က အာရှသားတွေကြောင့် ဖြစ်ရတာဆိုပြီး အဲဒါနဲ့ ပတ်သက်ဆက်နွှယ်ပြီး ဟာသ မလုပ်သင့်ပါဘူး။ ဒီဗိုင်းရပ်စ်က ဘယ်သူ့ကိုမှ ခွဲခြားမဆက်ဆံသလို အာရှသားတွေကိုလည်း ခွဲခြားဆက်ဆံတာတွေ မလုပ်သင့်ပါဘူး” လို့ ၁၃ ပွဲနိုင်၊ ၃ ပွဲရှုံးထားတဲ့ Martin Nguyen က ပြောပါတယ်။
ONE Championship ရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။
လူတဦးနဲ့ တဦး ခွဲခြားဆက်ဆံတာက မှားယွင်းတဲ့လုပ်ရပ်အဖြစ် ခံယူထားပြီး ယခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးကာလအတွင်း တယောက်နဲ့ တယောက် ခွဲခြားဆက်ဆံမနေဘဲ အတူ လက်တွဲကာ ရင်ဆိုင်ကျော် လွှားကြမယ်လို့ ထုတ်ပြန်ထားပါတယ်။
9 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up