မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
အာရှအကြီးဆုံးတက္ကသိုလ်ယဉ်ကျေးမှုပွဲတော်
Home
အာရှအကြီးဆုံးတက္ကသိုလ်ယဉ်ကျေးမှုပွဲတော်
A
d
v
e
r
t
i
s
e
m
e
n
t
With Us
December 23, 2020
205
အာရှအကြီးဆုံးတက္ကသိုလ်ယဉ်ကျေးမှုပွဲတော်တွင် Junior Creative အဖွဲ့ဖျော်ဖြေမည်(ရုပ်သံ)
နာမည်ကြီးအကအဖွဲ့တဖွဲ့ဖြစ်တဲ့ Junior Creative အဖွဲ့ဟာ အာရှတိုက်ရဲ့ အကြီးဆုံး တက္ကသိုလ်ယဉ်ကျေးမှုပွဲတော်ခုဖြစ်တဲ့ Mood Indigo ရဲ့ နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ် Virtual Concert မှာ ပါဝင်ဖျော်ဖြေဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။
Junior Creative အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ Myanmar’s Got Talent 2018 ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာ သက်ငယ်မုဒိမ်းမှုပပျောက်ရေး (Stop Child Sexual Abuse) အတွက် Shadow Dance နဲ့ ဖန်တီးမှုကောင်းကောင်းနဲ့ အဖွဲ့လိုက်သရုပ်ဖော်တင်ဆက်ခဲ့ကြပြီး Winner ဆုကို ရရှိထားခဲ့တာပါ။
ဒီပြိုင်ပွဲမှာ ဒါရိုက်တာ မောင်သီ၊ ဝါရင့်အမျိုးသမီးသရုပ်ဆောင် မို့မို့မြင့်အောင်၊ သရုပ်ဆောင် အဆိုတော်တဦးဖြစ်တဲ့ ချစ်သုဝေတို့နဲ့အတူ အစီအစဉ်တင်ဆက်သူတဦးဖြစ်တဲ့ မောင်မောင်အေးတို့က ဒိုင်တွေအဖြစ် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
America’s Got Talent က ပြုလုပ်တဲ့ The Champions Season 2 မှာတော့ သူ တို့အဖွဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတာဖြစ်ပြီး ဒါဟာ တခြား Talent တွေမှာ အနိုင်ရခဲ့သူတွေ Finalist တွေ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ပွဲတခု ဖြစ်ပါတယ်။
The Champions Season 2 မှာတော့ သူတို့အဖွဲ့က ငြိမ်းငြိမ်းချမ်းချမ်း နေနေရတဲ့ မိသားစုလေးတစုက ပဋိပက္ခတွေ၊ စစ်ပွဲတွေကြောင့် သားသမီးတွေ မိဘတွေနဲ့ ကွဲကွာခဲ့ရ၊ မောင်နှမသားချင်းတွေ ဝေးကွာခဲ့ရပြီး ကြီးပြင်းလာတဲ့အခါ သူမခံစားခဲ့ရသလို ကြုံတွေ့နေတဲ့ တခြားသူတွေအပေါ် စာနာနားလည်ပြီး အပြန်အလှန် ကူညီရိုင်းပင်းနေတဲ့ ကောင်မလေး တယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ပုံဖော်ကပြခဲ့ကြတာ ဖြစ်ပါတယ်။
ခုတခါ Mood Indigo ရဲ့ ရွှေရတုဖျော်ဖြေပွဲကိုတော့ လာမယ့် ဒီဇင်ဘာ ၂၆ နဲ့ ၂၇ ရက်တွေမှာ ပြုလုပ်သွားမှာဖြစ်ကာ Virtual Concert ကို ကြည့်ရှုအားပေးလိုတဲ့ ပရိသတ်တွေအနေနဲ့
www.moodi.org
ဝက်ဘ်ဆိုက်စာမျက်နှာမှာ အခမဲ့ Register လုပ်ထားပြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
2 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up