အာရှရေပြင်

July 21, 2021

အာရှရေပြင်တွင် ဗြိတိန်စစ်သင်္ဘော ၂ စီး အမြဲတမ်း တပ်ချသွားမည်

ဗြိတိန်အစိုးရဟာ စစ်သင်္ဘော ၂ စီးကို အာရှရေပြင်မှာ အမြဲတမ်း တပ်ချသွားမယ်လို့ ဇူလိုင် ၂၀ မှာ ပြောပါတယ်။

ဗြိတိန်ရဲ့ ဘုရင်မအဲလိဇဘက် လေယာဉ်တင်သင်္ဘောနဲ့ အခြံအရံသင်္ဘောတွေဟာ သြဇာလွှမ်းနိုင်ရေးအတွက် အမေရိကန်၊ ဂျပန်တို့နဲ့ တရုတ်ပြိုင်ဆိုင်နေတဲ့ ပင်လယ်ပြင်တွေကို ဖြတ်သန်းပြီး ဂျပန်နိုင်ငံဆီကို စက်တင်ဘာလမှာ သွားမှာပါ။

ဗြိတိန်အစိုးရဟာ ဂျပန်အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး နက်ရှိုင်းလာအပြီး လတ်တလောလတွေမှာ ထိုင်ဝမ်အရေး အပါအဝင် တရုတ်ရဲ့ ဒေသတွင်းပိုင်နက် ရည်မှန်းချက်တွေအပေါ် တပ်လှန့်သံ တိုးလာချိန်မှာ လေယာဉ်တင်သင်္ဘော ပါတဲ့ တိုက်ခိုက်ရေး သင်္ဘောအုပ်စုရဲ့ အလည်အပတ် ခရီးအတွက် အစီအစဉ်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဒီနှစ်နှောင်းပိုင်းကစပြီး ဗြိတိန်ဟာ သင်္ဘော ၂ စီးကို ဒေသတွင်းမှာ အမြဲတမ်း တာဝန်ချထားမယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က ဂျပန် ကာကွယ်ရေးဝန်ကြီး နိုဘုအိုခိရှိနဲ့ ပူးတွဲကြေညာချက်အတွင်း ပြောပါတယ်။

သင်္ဘောတွေ ဂျပန်ကို ရောက်ချိန်မှာ ဘုရင်မ အဲလိဇဘက် လေယာဉ်တင်သင်္ဘောနဲ့ အခြံအရံသင်္ဘောတွေဟာ ဂျပန်ကျွန်းစုတလျှောက်က အမေရိကန်နဲ့ ဂျပန်ရေတပ် အခြေစိုက်စခန်းတွေမှာ သီးခြားစီ ဆိုက်ကပ်မယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

6 months Ago
Up