အာရှနှင့် ဥရောပ

March 13, 2021

ထိုင်းလေကြောင်းလိုင်းက အာရှနှင့် ဥရောပလေကြောင်း အထူးခရီးစဉ် ၁၃ ခု ပြေးဆွဲ

ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှု လိုအပ်ချက်အပေါ် ထောက်ကူပေးနိုင်ဖို့အတွက် ထိုင်းအဲဝေးစ်က အာရှနဲ့ ဥရောပလေကြောင်းခရီးစဉ် ၁၃ ခုကို ပြေးဆွဲနေတယ်လို့ အမှု ဆောင် ဒုတိယ ဥက္ကဋ္ဌ နွန်ကာလင်တာက ပြောပါတယ်။

အဲဒီခရီးစဉ် ၁၃ ခုထဲက တချို့ခရီးစဉ်တွေက လက်ရှိမှာ ပြေးဆွဲနေပြီဖြစ်ကာ နောက်ထပ်ခရီးစဉ်တွေကိုတော့ မကြာခင်မှာ ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

ဘန်ကောက်-တိုကျို(နာရီတာ)ခရီးစဉ်ကိုတော့ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေနေ့ တွေနဲ့ အပြန်ခရီးစဉ်တွေကိုတော့ ဗုဒ္ဓဟူး၊ ကြာသပတေးတဲ့ တနင်္ဂနွေနေ့တွေမှာ ပြေးဆွဲ နေတာပါ။

ဘန်ကောက်-တိုကျို(ဟန်နဲဒ)-ဘန်ကောက် အထူးလေကြောင်းခရီးစဉ်ကိုတော့ လာမယ့် မတ် ၃၀ ရက်ကစ ပြေးဆွဲသွားမှာဖြစ်ပြီး ဘန်ကောက်-အိုဆာကာ-ဘန်ကောက် ခရီးစဉ်ကိုတော့ အပတ်စဉ် စနေနေ့တိုင်း ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

ဘန်ကောက်-ဆိုးလ်-ဘန်ကောက်ခရီးစဉ်ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့မှာ ပြေးဆွဲမှာဖြစ်ပေမယ့် ပထမဆုံးခရီးစဉ်ကိုတော့ လာမယ့် မတ် ၃၁ ရက် ဗုဒ္ဓဟူးနေ့မှာ ပြေးဆွဲသွားမှာပါ။

ဘန်ကောက်-တိုင်ပေ-ဘန်ကောက် ခရီးစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ တိုင်း ပြေးဆွဲပေးနေပြီး ဘန်ကောက်-ဟောင်ကောင်-ဘန်ကောက် ခရီးစဉ်ကိုတော့ အ ပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြေးဆွဲပေးနေပါတယ်။

ဘန်ကောက်-မနီလာ-ဘန်ကောက် အထူးလေကြောင်းခရီးစဉ်ကိုတော့ မတ် ၉ ရက်၊ ၁၆ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ပြေးဆွဲပေးမှာဖြစ်ပြီး ဘန်ကောက်- ကွာလာလမ်ပူ-ဘန်ကောက် ခရီးစဉ်ကိုတော့ မတ် ၁၆ ရက်နဲ့ ၃၁ ရက်နေ့တွေမှာ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

ဘန်ကောက်-လန်ဒန်-ဘန်ကောက် ခရီးစဉ်ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲနေတာဖြစ်ပြီး ဘန်ကောက်-ပဲရစ်စ်-ဘန်ကောက် အထူးလေကြောင်း ခရီးစဉ်ကို တော့ လာမယ့် မတ် ၂၅ ရက်က စတင်ပြေးဆွဲသွားမှာပါ။

ဘန်ကောက်-ဖရန့်ဖတ်-ဘန်ကောက် ခရီးစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ တိုင်း ပြေးဆွဲပေးနေပြီး အထူးလေကြောင်းခရီးစဉ်ကိုတော့ လာမယ့် မတ် ၂၈ ရက် တနင်္ဂ နွေနေ့မှာ ပြေးဆွဲပေးသွားဖို့ ရှိနေပါတယ်။

ဘန်ကောက်-စတော့ဟုမ်း-ဘန်ကောက် အထူးလေကြောင်းခရီးစဉ်ကိုတော့ မတ် ၁၇ ရက်မှာ ပြေးဆွဲပေးသွားမှာဖြစ်ပြီး ဘန်ကောက်-ကိုပင်ဟေဂင်-ဘန်ကောက် ခရီးစဉ် ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။

9 months Ago
Up