အာရှ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုပထမဖြင့် နောက်တဆင့်တက်

March 31, 2017

အာရှ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုပထမဖြင့် နောက်တဆင့်တက်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂ဝ၁၇ အာရှ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ပွဲစဉ်တွေကို မနေ့မနက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံမှာ ကျင်းပရာ မြန်မာအသင်းဟာ သြစတြေးလျအသင်းကို အနိုင်ယူပြီး အုပ်စုပထမနေရာ ရရှိခဲ့ပါတယ်။ အုပ်စု က ပွဲစဉ်တွေမှာ နိုင်ပွဲကိုယ်စီရထားတဲ့ အိမ်ရှင်မြန်မာနဲ့ သြစတြေးလျအသင်းတို့ဟာ ပထမနေရာအတွက် ယှဉ်ပြိုင်ခဲ့ရပြီး မြန်မာအသင်းက သုံးပွဲ တပွဲနဲ့ အနိုင်ရကာ ပထမနေရာ ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပြိုင်ပွဲတွေ ရပ်နားမှာဖြစ်ပြီး ဒုတိယအဆင့် အုပ်စုပွဲတွေကို ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပါတယ်။
5 years Ago
Up