အာရှ ယူ ၁၉

April 20, 2019

အာရှ ယူ ၁၉ ခြေစစ်ပွဲဝင်ရန် လေ့ကျင့်နေသည့် မြန်မာအမျိုးသမီးဘောလုံးအသင်း (ရုပ်သံ)

အာရှ ယူ ၁၉ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ မနေ့က လေ့ကျင့်ရေး ပြုလုပ်နေပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ပြိုင်ပွဲကျင်းပယ့် မန္တလေးမြို့ကို ဧပြီ ၁၈ ရက်နေ့က ရောက်ရှိခဲ့ပြီးနောက် မနေ့မနက်ပိုင်းက စတင်ကာ လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်နေတာလို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ဧပြီ ၂၆ ရက်မှာ ဥဇဘတ်ကစ္စတန်အသင်း၊ ဧပြီ ၂၈ ရက် မှာ သြစတြေးလျအသင်းနဲ့ ဧပြီ ၃၀ ရက်မှာ နီပေါအသင်းတို့ မန္တလေးမြို့ရှိ မန္တလာသီရိကွင်းမှာ ညနေ ၆ နာရီ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
2 years Ago
Up