အာရှ ကရာတေးဒိုပြိုင်ပွဲ မြန်မာကစားသမား ၂ ဦး ပါဝင် (ဓာတ်ပုံ)

September 5, 2015

အာရှ ကရာတေးဒိုပြိုင်ပွဲ မြန်မာကစားသမား ၂ ဦး ပါဝင် (ဓာတ်ပုံ)

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့မှာ စက်တင်ဘာ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပနေတဲ့ အာရှအကြီးတန်း ကရာတေးဒိုပြိုင်ပွဲမှာ မြန်မာနိုင်ငံက မင်းဟိန်းခန့် (တဦးချင်းခတ)၊ အောင်ကျော်စိုး (၆၇ကီလို) တို့ ပါဝင်ယှဉ်ပြိုင်နေပါတယ်။ ပြိုင်ပွဲကို မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်က ပံ့ပိုးမှုနဲ့ အုပ်ချုပ်သူအပါအ၀င် စုစုပေါင်း ၃ ဦး သွားရောက်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ အခုလို နိုင်ငံတကာပြိုင်ပွဲတွေမှာ ပိုမိုပံ့ပိုးစေချင်တယ်လို့ အုပ်ချုပ်သူနဲ့ လက်ရွေးစင်အားကစားသမားတွေက ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။  
6 years Ago
Up