တရုတ်တိုင်ပေနိုင်ငံမှာ ကျင်းပနေတဲ့ ၉ ကြိမ်မြောက် အာရှဝူရှူး ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ၀ူရှူးကစားသမား အေးသစ္စာမြင့်က ရွှေတံဆိပ်ရယူနိုင်ခဲ့ပါတယ်။
အေးသစ္စာမြင့်ဟာ ၀ူရှူးပြိုင်ပွဲရဲ့ နန်းတောင်းပြိုင်ပွဲအမျိုးအစားမှာ ရွှေတံဆိပ်ရရှိခဲ့တာဖြစ်ပြီး ဟောင်ကောင်က ဒုတိယ၊ ဗီယက်နမ်က တတိယရရှိခဲ့ပါတယ်။
အာရှဝူရှူးချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အမျိုးသားပြိုင်ပွဲမှာ ငြိမ်းချမ်းကိုကိုနဲ့ အမျိုးသမီးပြိုင်ပွဲမှာ စန္ဒီဦး၊ မြတ်သက်ဆုဝေဖြိုးနဲ့ အေးသစ္စာမြင့်တို့ ၀င်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။
နန်းတောင်းပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တဲ့ အေးသစ္စာမြင့်ဟာ နမ်းချွမ်ပြိုင်ပွဲမှာလည်း တတိယကြေးတံဆိပ်ရရှိခဲ့ပါတယ်။
ဝူရှူးပြိုင်ပွဲမှာ ဆန်းဆို အတိုက်ပြိုင်ပွဲနဲ့ ထောက်လု အပြပြိုင်ပွဲ နှစ်မျိုးရှိပြီး မြန်မာကစားသမားတွေအနေနဲ့ အပြပြိုင်ပွဲတွေမှာပဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါ တယ်။ အာရှဝူရှူးချန်ပီယံပြိုင်ပွဲကို သြဂုတ် ၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
4 years Ago