အာရှရွှေဈေး ၁ ဂရမ်ကို အမေရိကန်ဒေါ်လာ ၁၂၆၂ ဒသမ ၃ အထိ တက်

April 7, 2017

အာရှရွှေဈေး ၁ ဂရမ်ကို အမေရိကန်ဒေါ်လာ ၁၂၆၂ ဒသမ ၃ အထိ တက်

အမေရိကန်က ဆီးရီးယားကို ဒုံးကျည်အစင်းပေါင်းများစွာနဲ့ ပစ်ခတ်ပြီးတဲ့နောက်မှာ အာရှရွှေဈေးဟာ ၁ ဂရမ်ကို အမေရိကန်ဒေါ်လာ ၁၂၆၂ ဒသမ ၃ ထိ ၀ ဒသမ ၇၂ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။ ဓာတုလက်နက် အသုံးပြုမှုအပေါ် အခုလို တုံ့ပြန်ခဲ့သလို ဆီးရီးယားသမ္မတ အာဆဒ်ကိုလည်း ရာထူးစွန့်လွှတ်ဖို့ အမေရိကန်အစိုးရက ဧပြီ ၆ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။ သမ္မတ ထရမ့်က ဓာတုလက်နက် အသုံးပြုမှုအပေါ် “လူ့အသိုင်းအဝိုင်းကို ကျက်သရေမဲ့စေတယ်” လို့ သုံးနှုန်းပြီး အမေရိကန်အနေနဲ့ တခုခုတော့ တုံ့ပြန်သွားမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးကတော့ ဆီးရီးယားမှာ ဘယ်လိုဓာတုလက်နက်မှ ပိုင်ဆိုင်ခြင်းမရှိဘူးလို့ စွပ်စွဲမှုအပေါ် တုံ့ပြန်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up