အာရှလမ်းမကြီး ပြန်ဖွင့်၊ ခရီးသည်များ လမ်းဘေးမဆင်းရန် သတိပေး

July 11, 2015

အာရှလမ်းမကြီး တွင် အစိုးရတပ်နှင့်နယ်ခြားစောင့်တပ် မိုင်းရှင်းလင်းဖောက်ခွဲ (ရုပ်သံ)

နယ်ခြားစောင့်တပ်နဲ့ အစိုးရ တပ်မတော်စစ်မြေပြင် အင်ဂျင်နေရာတွေ ပူးပေါင်းပြီး ကရင်ပြည်နယ် မြဝတီ ကောကရိတ် အာရှလမ်းပိုင်းမှာ မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေကြပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့က ကော့ကရိတ်-မြ၀တီ အာရှလမ်းသစ် လမ်းဘေးဝဲယာတွေမှာ နယ်ခြားစောက်တပ်ဖွဲ့နဲ့ တပ်မတော်စစ်မြေပြင် အင်ဂျင်နေရာတွေ မိုင်းရှင်းလင်းရေးဆောင်ရွက်နေကြတာပါ။ လမ်းမှာမိုင်းတွေ အများအပြားရှိပြီး ပြည်သူတွေမထိခိုင်အောင် အရှလမ်းတလျှောက်မှာ ဦးစားပေးရှင်းလင်းနေကြောင်း၊ လမ်းဘေး အရမ်းမဆင်းကြဖို့ သတိပေးထားပါတယ်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (ဘီဂျီအက်ဖ်) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်က “အဓိကတော့ လူထုသွားတဲ့ လမ်းကိုပဲ အရင်ရှင်းသွားမှာပေါ့နော်။ လူထုတွေကတော့ မသိနိုင်ဘူးလေ၊ မသိတဲ့ အခါမှာတော့ ကားတွေရပ်ပြီးတော့ အပေါ့ဆင်းသွားတာတို့ ဘာတို့ မတော်တဆ သွားနင်းမိရင် တော်တော်ရုပ်ဆိုးတဲ့ မြင်ကွင်းမျိုးဖြစ်သွားမှာ စိုးရိမ်တယ်။ လူထုတွေ ထိခိုက်မှာစိုးလို့ အမြန်ဆုံးဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီကေဘီအေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့အနီးက အာရှလမ်းမကြီး တလျှောက်မှာ အာဏာပိုင်တွေက လမ်းလုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေပြီး ယားယီပိတ်ထားတဲ့ လမ်းသစ်ကိုလည်း ပြန်ဖွင့်ပေးလိုက်ပါတယ်။ ခရီးသည်တဦးဖြစ်တဲ့ ဦးနိုင်စိုးက “ဒီလမ်းမျိုးမတွေ့ရဘူး၊ အခုမှတွေ့ရတယ်၊ အရမ်းပဲ စိတ်ချမ်းသာမှုရှိတယ်။ အမြဲတမ်းပဲ ငြိမ်းချမ်းရေးရပြီး အန္တရာယ်ကို မကြောက်ရတဲ့ အခြေအနေမျိုး လိုချင်ပါတယ်။ အခုတော့ သေနတ်သံတွေကြားတော့ စိုးရိမ်းမှု တခုတော့ ရှိတာပေါ့။ လမ်းဟောင်းမှာတော့ ၅၀၀၊ ၁၀၀၀ တို့ ပေးရတာပေါ့ အကောက်အခွန်အတွက်၊ အခုလမ်းသစ်ကလေးမှာလည်း အရင်ကပေးရပါတယ်။ အခုဒီတရက်နှစ်ရက်မှာတော့ ပေးစရာမလိုတော့ဘူး။ အခုပြန်လာတာ ပိုက်ဆံမကုန်တော့ဘူးပေါ့” လို့ ပြောပါတယ်။ တိုက်ပွဲကြောင့် တပတ်ကျော်ကြာပိတ်ထားခဲ့ရတဲ့ မြ၀တီ-ကောကရိတ် အာရှလမ်းမကို ဇူလိုင် ၁၀ ရက်နေ့ကစပြီး မနက် ၅ နာရီကနေ ညနေ ၅ နာရီအထိ သွားလာခွင့်ရပြီလို့ နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေတဲ့အတွက် အစိုးရတပ်တွေ လုံခြုံရေး တိုးမြှင့်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန်မှာ တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။ အခုလမ်းသစ်ကို ပြည်သူတွေသွားလာနေကြပေမယ့် မိုင်းရဲ့ အန္တရာယ်ကိုတော့ စိုးရိမ်နေကြရပါတယ်။  
6 years Ago

July 10, 2015

အာရှလမ်းမကြီး ပြန်ဖွင့်၊ ခရီးသည်များ လမ်းဘေးမဆင်းရန် သတိပေး (ရုပ်သံ)

တိုက်ပွဲကြောင့် တပတ်ကျော်ကြာပိတ်ထားခဲ့ရတဲ့ မြ၀တီ-ကောကရိတ် အာရှလမ်းမကို ဇူလိုင် ၁၀ ရက်နေ့ကစပြီး မနက် ၅ နာရီကနေ ညနေ ၅ နာရီအထိ သွားလာခွင့်ရပြီလို့ နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။ “ကျနော်တို့က မနက် ၅ နာရီကနေ ညနေ ၅ နာရီပေါ့နော်။ ကျနော်တို့က လုံခြုံရေးအရပေါ့နော်။ ကျနော်တို့ ခရီးသည်တွေကို လုံးဝအတားအဆီးမလုပ်ဖို့ မနေ့က ဗိုလ်မှူးကြီး ချစ်သူကနေပြီးတော့ ကျနော်တို့ တပ်ဖွဲ့ကို ညွှန်ကြားတာပေါ့။ အခုလည်း ကားတွေ အများကြီး သွားနေပါပြီ” လို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တပ်နယ်မှူး ဗိုလမှူးကြီးစောချစ်သူရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။ အစိုးရ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်ကစပြီး မြ၀တီ-ကောကရိတ် လမ်းဟောင်းရော၊  အာရှလမ်းမသစ်ကိုပါ နယ်မြေရှင်း လင်းရေးနဲ့ လမ်းလုံခြုံ ရေးတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလမ်း ပြန်ဖွင့်လိုက်ပြီဆိုပေမယ့် ခရီးသွားပြည်သူတွေအနေနဲ့ လမ်းဘေးတွေမှာ မိုင်းတွေ ရှိနေသေးလို့ လမ်းဘေးရပ်ပြီး မဆင်းဖို့လည်း ဗိုလ်မှူး နိုင်မောင်ဇော်က  သတိပေးထားပါတယ်။ “လက်ရှိ လူထုကို ကျနော်တခုပဲ မေတ္တာရပ်ခံချင်တာက လမ်းသွားလို့ ကားတွေ ရပ်နားတဲ့အခါ ကျရင် လမ်းဘေးကို မဆင်းကြဖို့ပေါ့။ ကျနော်တို့ အခုမှ မိုင်းတွေက ရှင်းတုန်းပဲ ရှိသေးတယ်။ မိုင်းတွေက ပျိုးကြဲသလိုရှိနေတယ်။  ဒီလမ်းဘေးတွေမှာလေ။ အဲဒါကြောင့် ခရီးသည်တွေကို ကျေးဇူးပြုပြီး လမ်းပေါ်မှာပဲ သွားလာပေးကြဖို့ပေါ့နော်။ ကားရပ်ပြီး အပေါ့ဆင်းသွားတာမလုပ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ” ကော့ကရိတ်မြို့ခံ ဦးအောင်တိုးကလည်း ဒီနေ့မနက်ပိုင်း မြ၀တီက ကားတွေ အာရှလမ်း သစ်ဘက်မှာရော လမ်းဟောင်းဘက်ကိုပါ ဆင်းလာတာတွေ့ရတယ်လို့ ပြောပါတယ်။ “ဒီနေ့ ကော့ကရိတ်အခြေအနေက အေးဆေးပဲ။ မြ၀တီ အာရှလမ်းသစ်မှာ ကားတွေဆင်း လာပြီ။ အဲဒါ ကော့ကရိတ်ရောက်လာပြီ။ လမ်းဟောင်းလည်း ကားကြီးတွေ ဆင်းလာတယ်လေ။ နှစ်လမ်းလုံး ပွင့်တဲ့သဘောပေါ့။ ” အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တို့ ဇူလိုင် ၂ ရက်နေ့ကတည်းက စပြီး တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပါတယ်။ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေပြီး အစိုးရတပ်တွေ လုံခြုံရေး တိုးမြှင့်ကာ ဖွင့်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန်မှာ တိုက်ပွဲတွေ စတင်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားရာ အနီးက ကျေးရွာသူရွာသားတွေကလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်မှုတွေရှိနေပြီး တိုက်ပွဲစဖြစ်တဲ့ ၂ ရက်နေ့ကစပြီး ကော့ကရိတ်မြို့ ၀ါဆိုဦး ကျောင်းတိုက်မှာ လူပေါင် ၁၁၆ ဦး လာရောက်ခိုလှုံခဲ့တယ်လို့လည်း ဦးအောင်တိုးက ဒီဗွီဘီကို ပြောပါတယ်။ အစိုးရတပ်နှင့်နယ်ခြားစောင့်တပ် ဇူလိုင် ၉ ရက်နေ့ နယ်မြေရှင်းလင်းစဉ်။ (ရုပ်သံ)
6 years Ago
Up