အာရှယူ ၁၆ ခြေစစ်ပွဲဝင်အသင်းများ အသက်လိမ်ပါကပြိုင်ပွဲမှ ထုတ်ပယ်အရေးယူမည်

September 25, 2017

အာရှယူ ၁၆ ခြေစစ်ပွဲဝင်အသင်းများ အသက်လိမ်ပါကပြိုင်ပွဲမှ ထုတ်ပယ်အရေးယူမည်

အာရှယူ၁၆ ဘောလုံးခြေစစ်ပွဲ ပြိုင်ပွဲဝင်အသင်းတွေက အားစားသမားတွေကို အသက်စစ်ဆေးမှာဖြစ်ပြီး အသက်လိမ်ပြီး ကစားတဲ့အသင်းတွေရှိခဲ့မယ်ဆိုရင် ပြိုင်ပွဲကနေ ထုတ်ပယ်တဲ့အထိ အရေးယူမယ်လို့သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အုပ်စု G က အသင်းတွေကိုလည်း ၀ိတိုရိယဆေးရုံမှာ အသက်စစ်ဆေးမယ်လို့ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးသိန်းသန်းတိုးကပြောပါတယ်။ မြန်မာယူ၁၆ ကစားသမားတွေကိုတော့ ပြိုင်ပွဲမတိုင်ခင်ကတည်းကအသက်စစ်ဆေးခဲ့ပြီး အသက်ကျော်လွန်တဲ့ တိုက်စစ်ကစားသမားတွေရှိခဲ့လို့ ထုတ်ပယ်ထားတယ်လို့ မြန်မာနည်းပြ ဦးညီညီလတ်ကပြောပါတယ်။ မြန်မာယူ၁၆အသင်းဟာ အာရှခြေစစ်ပွဲ အုပ်စု G မှာ တောင်ကိုရီးယား၊တရုတ်နဲ့ ဖိလစ်ပိုင်အသင်းတို့နဲ့ တစ်အုပ်စုတည်းတွေ့ဆုံနေတာဖြစ်ပြီး  အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာနဲ့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်အသင်းတွေ ဒီကနေ့ စတင်ယှဉ်ပြိုင်ကြမှာပါ။ အုပ်စုပတ်လည်ကစားအပြီးမှာ အုပ်စုပထမအသင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယ၅ သင်း က ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။ ဓာတ်ပုံ - MFF
4 years Ago
Up