အာရှယူ-၁၆ ခြေစစ်ပွဲတွင် မြန်မာက တောင်ကိုရီးယားကို ၄ ဂိုး ဂိုးမရှိဖြင့် ရှုံး

September 28, 2017

အာရှယူ-၁၆ ခြေစစ်ပွဲတွင် မြန်မာက တောင်ကိုရီးယားကို ၄ ဂိုး ဂိုးမရှိဖြင့် ရှုံး (ဓာတ်ပုံ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာရှယူ-၁၆ ခြေစစ်ပွဲ အုပ်စု ဂျီရဲ့ ဒုတိယပွဲစဉ်တွေကို စက်တင်ဘာ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ-၁၆ အသင်းက တောင်ကိုရီးယားအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ မြန်မာယူ-၁၆ အသင်းဟာ ပွဲအစပိုင်းမှာ တောင်ကိုရီးယားဘက်ကို တိုက်စစ်ဦးစားပေး ကစားနိုင်ခဲ့မေယ့် နောက်ပိုင်းပွဲချိန်တွေမှာတော့ ခံစစ်နဲ့ပဲ ကစားခဲ့ရတာပါ။ တောင်ကိုရီးယားအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၄၊ ၃၉၊ ၅၉ နဲ့ ၈၆ မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ မနေ့ကပဲ အစောပိုင်းယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ တရုတ်က ဖိလစ်ပိုင်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာယူ-၁၆ အသင်းဟာ စက်တင်ဘာ ၂၉ ရက်နေ့မှာ ဖိလစ်ပိုင်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆက်ပြီး ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမယ့် ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် ကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။ အာရှယူ-၁၆ ခြေစစ်ပွဲတွေကို အုပ်စု ၁၀ ခုခွဲထားပြီး အုပ်စုပထမအသင်း ၁၀ သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယ ၅ သင်းက အိမ်ရှင်မလေးရှားအသင်းနဲ့အတူ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကစားခွင့်ရမှာဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်  
4 years Ago
Up