အာရှယူ၁၉

A d v e r t i s e m e n t With Us

September 29, 2015

အာရှ ယူ ၁၉ ခြေစစ်ပွဲ ဗီယက်နမ်နှင့် တီမော ဂိုးပြတ်နိုင်

စက်တင်ဘာ ၂၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာရှ ယူ ၁၉  ခြေစစ်ပွဲ အုပ်စု (ဆ) ပွဲစဉ်တွေမှာ ဗီယက်နမ်က ဟောင်ကောင်ကို ၃ ဂိုး ၁ ဂိုး၊ တီမောက ဘရူနိုင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာရှယူ ၁၉  ခြေစစ်ပွဲ အုပ်စု (ဆ) ပွဲစဉ်တွေကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာပါ။ ပထမပွဲစဉ်အဖြစ် ယှဉ်ပြိုင်တဲ့ပွဲမှာ ဗီယက်နမ်နဲ့ ဟောင်ကောင်တို့ ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျခဲ့တာပါ။ ဒုတိယပိုင်းမှာ ဗီယက်နမ်က တိုက်စစ်တင်ကစားသွားပြီး အနိုင်ဂိုး ၂ ဂိုးကို သွင်းယူခဲ့တာပါ။ ဒုတိယပွဲစဉ်မှာတော့ တီမောက ခြေအသာနဲ့ ကစားပြီး ဘရူနိုင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် မြန်မာယူ ၁၉  အသင်းဟာ ပွဲဦးထွက်အဖြစ် ဘရူနိုင်းနဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago
Up