အာရှမသန်စွမ်းအားကစားပြိုင်ပွဲ

October 15, 2018

အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ အဆင့် ၂၇ ၌ ရပ်တည်

မြန်မာမသန်စွမ်းအားကစားအဖွဲ့ဟာ နိုင်ငံပေါင်း ၄၃ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲမှာ ငွေ ၄ ဆု၊ ကြေး ၂ ဆု ရရှိပြီး နိုင်ငံအဆင့် ၂၇ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ မြန်မာမသန်စွမ်းအားကစားအဖွဲ့ဟာ ရေကူး၊ စစ်တုရင်၊ ထိုင်လျက်ဘော်လီဘောနဲ့ ပြေးခုန်ပစ် အားကစားနည်း ၄ မျိုးကို ကစားသမား ၂၆ ဦးနဲ့ ဝင်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် အာရှ မသန်စွမ်းအားကစားပြိုင်ပွဲမှာ ရေကူးအားကစားကနေ အောင်မြင့်မြတ်၊ ကျော်ထူး၊ အောင်ငြိမ်းဦးနဲ့ စစ်တုရင် ကစားနည်းကနေ ကောင်းစံတို့က ဆုတံဆိပ်တွေ ဆွတ်ခူးပေးခဲ့တာ ဖြစ်ပါတယ်။ မသန်စွမ်း ထိုင်လျက်ဘောလီဘော အားကစားနည်းကနေလည်း ဆုတံဆိပ် မရရှိခဲ့ပေမယ့် နိုင်ငံအဆင့် ၅ နေရာကို ရယူပေးနိုင်ခဲ့ပါတယ်။
3 years Ago
Up