အာရှဘိလိယက်​ပြိုင်ပွဲ

May 4, 2019

အာရှဘိလိယက်​ပြိုင်ပွဲတွင် နေ​သွေးဦး ချန်​ပီယံဆု ရရှိ

အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ Asian U-21and Ladies Snooker & Billiards Championship India ပြိုင်ပွဲမှာ မြန်​မာဘိလိယက်လက်​​ရွေးစင်​​ ​​နေ​သွေးဦးက အာရှချန်​ပီယံဆုကို ဆွတ်​ခူးနိုင်​ခဲ့ပါတယ်။  ​ နောက်​ထပ် မြန်မာဘိလိယက်​လက်​​ရွေးစင်​တ​ဦးဖြစ်​တဲ့ ချစ်​ကိုကိုက​တော့ တတိယဆုရရှိခဲ့ပါတယ်​။ အဒ်​ဗန်​နီ၊ ပရာပွတ်​၊ ကိုသာရီတို့လို ကမ္ဘာ့ချန်​ပီယံ​တွေ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့တဲ့ အဲ့ဒီပြိုင်​ပွဲမှာ ​နေ​သွေးဦး​ရော ချစ်​ကိုကိုပါ လက်​စွမ်းပြနိုင်​ခဲ့​ပေမယ့် ဆီမီးဖိုင်​နယ်​မှာ နိုင်​ငံတူချင်း ပြန်​​တွေ့ခဲ့ပြီး ​နေ​သွေး​ဦးနဲ့ ချစ်​ကိုကိုတို့ ယှဉ်​ပြိုင်​ကစားခဲ့ရပါတယ်​။ အ​တွေ့အကြုံပိုသာတဲ့ ​နေ​သွေးဦးက ၅ ပွဲ ၃ ပွဲနဲ့ အနိုင်​ရပြီး ဗိုလ်​လုပွဲတက်​ခဲ့​ပြီး ဗိုလ်​လုပွဲမှာ ထိုင်းနာမည်​ကြီး ဘိလိယက်​ချန်​ပီယံ ပရာပွတ်​နဲ့ ​တွေ့ဆုံခဲ့ပါတယ်​။ ဗိုလ်​လုပွဲမှာ​တော့ ​နေ​သွေးဦးက ၆ ပွဲ ၂ ပွဲနဲ့ အနိုင်​ရရှိပြီး အာရှဘိလိယက်​ချန်​ပီယံဆုကို ၁၃ နှစ်​အကြာမှာ မြန်​မာနိုင်​ငံကိုယ်​စားပြု ပြန်လည်​​ရယူနိုင်​ခဲ့တာလည်းဖြစ်​ပါတယ်​။
2 years Ago
Up