အာရှတာဝေးစက်ဘီးစီးပြိုင်ပွဲ

February 8, 2018

အာရှ တာ​ဝေးစက်​ဘီးစီး ချန်​ပီယံရှစ်​ပြိုင်​ပွဲ​ နေပြည်တော်တွင် ကျင်းပ (ဓာတ်ပုံ)

နေပြည်​​တော်​မှာ လက်​ခံကျင်းပ​နေတဲ့ အာရှ တာ​ဝေးစက်​ဘီးစီး ချန်​ပီယံရှစ်​ပြိုင်​ပွဲ​တွေကို ဒီ​နေ့မနက်​ စတင်​ကျင်းပ​ပါတယ်​။ ​ဖေ​ဖော်​ဝါရီ ၈ရက်​​နေ့က​နေ ၁၂ရက်​​နေ့ထိကျင်းပမယ့် အဲဒီပြိုင်​ပွဲ ဖွင့်​ပွဲအခမ်းအနားကို ကျန်းမာ​ရေးနှင့်​ အားကစားဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီး ​ဒေါက်​တာမြင့်​​ထွေး၊ အာရှစက်​ဘီးအဖွဲ့ချုပ်​ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ မြန်​မာနိုင်​ငံစက်​ဘီးအဖွဲ့ချုပ်​ ဥက္ကဋ္ဌ ဦးခင်​​မောင်​ဝင်းတို့ တက်​​ရောက်​ခဲ့ပါတယ်​။ အာရှနိုင်​ငံ​ပေါင်း ၂၄ နိုင်​ငံက စက်​ဘီးစီးအားကစားသမား​ တရာ​ကျော်​ ဝင်​ရောက်​ယှဉ်​ပြိုင်​ခဲ့ကြပြီး​ နာမည်​ကြီး ဂျပန်​၊ အီရန်​၊ ဆီးရီးယား၊ ​ဂျော်​ဒန်​၊ ​တရုတ်​၊ ​တောင်​ကိုရီးယား​၊ ​ဟောင်​​ကောင်​ အစရှိတဲ့အသင်း​တွေလည်း ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ပါတယ်​။ သက်​ဆိုင်​ရာ ကီလိုမီတာအလိုက်​ အမျိုးသား၊ အမျိုးသမီး ဂျူနီယာအဆင့်၊ လက်​​ရွေးစင်​အဆင့်​နဲ့ ယူ-၂၃ ဆိုပြီး​ ပြိုင်​ပွဲ​တွေ ထည့်​သွင်းကျင်းပခဲ့ပါတယ်​။ ပွဲစဉ်​အရ Road Race နဲ့ Time Trail ဆိုပြီး နှစ်​မျိုးခွဲထားသလို မြန်​မာကစားသမား အ​ယောက်​ ၅၀ ​ကျော်​လည်း ဝင်​ရောက်​ယှဉ်​ပြိုင်​နေတာပါ။ ​​နေပြည်​​တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းက​နေ စထွက်​ပြီး သ​ပြေကုန်းအဝိုင်း၊ ရာဇသိင်္ဂအဝိုင်း၊ အင်​ကြင်းပန်းအဝိုင်း၊ မင်္ဂလာအဝိုင်း၊ ခွာညိုအဝိုင်း၊ ​တော်​ဝင်​ကြာပန်းအဝိုင်း၊ ဝဏ္ဏသိဒ္ဓိအဝိုင်းက​နေ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ပြန်​လည်​ပန်းဝင်​ခဲ့ကြပါတယ်​။ ကစားသမား​တွေအ​နေနဲ့ ပြိုင်​ပွဲယှဉ်​ပြိုင်​​နေစဉ် တချို့​နေရာ​တွေမှာ ယာဉ်​ရှင်းလင်းမှု အားနည်းချက်​​တွေ ရှိခဲ့ပြီး လမ်း​ကြောင်းရှင်းလင်း​ရေးအတွက် ဆိုင်​ကယ်​ဝါသနာရှင်​​တွေ အဖွဲ့ကလည်း အကူအညီ​ပေးခဲ့ပါတယ်​။ ဒီပြိုင်ပွဲဟာ အာရှပြိုင်​ပွဲဖြစ်​​သလို အသင်း​ကောင်း​တွေ ပါဝင်​​နေတာ​ကြောင့် မြန်​မာစက်​ဘီးအဖွဲ့အနေနဲ့ အ​တွေ့အကြုံရဖို့ပဲ ဦးစား​ပေးရမယ့်​ အ​ခြေအ​နေမှာ ရှိနေပါတယ်​။ သတင်း/ဓာတ်​ပုံ-ထက်​လူ  
3 years Ago
Up