အာရှဆင်များ အသတ်ခံနေရ

May 3, 2018

အစွယ်နှင့်အရေခွံအတွက် အာရှဆင်များ အသတ်ခံနေရဟု အစီရင်ခံစာထုတ်ပြန်

  အာရှဆင်တွေဟာ သူတို့ရဲ့ အစွယ်အတွက်သာမက အရေခွံအတွက်ပါ အသတ်ခံနေရတယ်လို့ ဗြိတိန်အခြေစိုက် ပရဟိတ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ပြောကြားလိုက်ပါတယ်။ Elephant Family လို့ အမည်ပေးထားတဲ့ ဗြိတိန်အခြေစိုက်အဖွဲ့က ၄ နှစ်ကြာ လေ့လာပြီးတဲ့နောက် အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး အဲဒီလို ပြောကြားလိုက်တာပါ။ အစီရင်ခံစာထဲမှာ မျက်မြင်သက်သေတဦးရဲ့ ပြောပြချက်နဲ့ တရုတ်နိုင်ငံက ဆင်အရေခွံ ရောင်းဝယ်သူ တယောက်အကြာင်းလည်း ပါဝင်ပါတယ်။ Elephant Family အဖွဲ့က “အခြောက်ခံထားတဲ့ ဆင်အရေခွံအမှုန့်ကို တိုင်းရင်းဆေး ဖော်စပ်ရာမှာ အသုံးပြုပုံ၊ ဆင်ရဲ့အဆီကို အရေပြားရောဂါအတွက် အသုံးပြုပုံနဲ့ ဆင်အရေခွံခြောက်ကိုသွေးပြီး လက်ဝတ်တန်ဆာပြုလုပ်ပုံ” ဗွီဒီယိုဖိုင်တွေကိုလည်း ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းက အရေးယူဆောင်ရွက်မှု မရှိရင် ဒေသတဝက်လောက်က ဆင်တွေဟာ မျိုးတုံးသွားနိုင်တယ်လို့လည်း Elephant Family အဖွဲ့က သတိပေးထားပါတယ်။
4 years Ago
Up