အာရှချန်ပီယံလိဂ်ပြိုင်ပွဲ

February 2, 2016

အာရှချန်ပီယံလိဂ်ပြိုင်ပွဲ မြန်မာနဲ့ ထိုင်းကလပ်အသင်း ယှဉ်ပြိုင်ကစားမည်

အာရှချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာနိုင်ငံက ရန်ကုန်ယူနိုက်တက်ကလပ်အသင်းနဲ့ ထိုင်းနိုင်ငံက ချွန်ဘူရီကလပ်အသင်းတို့ ဒေသစံတော်ချိန် ဖေဖော်ဝါရီ၂ရက် ည ၇ နာရီအချိန်မှာ ထိုင်းနိုင်ငံ ချွန်ဘူရီဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားကြ ဖို့ ရှိနေပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် မာယန်ကတော့ ထိုင်းကလပ်အသင်းကို ရင်ဆိုင်ဖို့ အကောင်းဆုံးပြင်ဆင်ကြိုးစားသွားမယ်လို့ ပွဲအကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့အကြောင်း ကလပ်အသင်းဝက်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ "ကျွန်တော်တို့အသင်း အနေနဲ့ မနက်ဖြန်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ပြီး ကြိုးစားသွားမှာပါ။ ချွန်ဘူရီဟာ အင်အားတောင့်တင်းတဲ့ အသင်းတစ်သင်းပါ။ ရန်ကုန် အသင်းအနေနဲ့ မနက်ဖြန်ပွဲမှာ အကောင်းဆုံး အနေအထားနဲ့ ရင်ဆိုင် သွားမှာပါ။" ဒီပွဲကို ထိုင်းရောက် မြန်မာပရိသတ်တွေ ကွင်းထဲ အရောက်လာအားပေးကြဖို့လည်း နည်းပြချုပ် မာယန်က ဖိတ်ခေါ်လိုက်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ အခုနှစ် ဘောလုံးရာသီမှာ ၄ ပွဲ ကစား ၃ပွဲရှုံး၊ ၁ ပွဲသရေနဲ့ နိုင်ပွဲမရသေးဘဲ ၇ မှတ် ၁ မှတ်နဲ့ ဇယားအောက် အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။
6 years Ago
Up