အာရွန်ရမ်ဆေး

June 2, 2018

အာရွန်ရမ်ဆေးကို အာဆင်နယ်အသင်း ၅ နှစ် စာချုပ်သစ် ကမ်းလှမ်း

အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးကို ၅ နှစ်စာချုပ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဲဒီ ကစားသမားဟာ လာမယ့်ကာလမှာမှ စာချုပ်မချုပ်ဘူးဆိုရင်တော ရောင်းချသွားမယ်လို့ ကလပ်အသင်းက ထုတ်ပြန်ပါတယ်။ ရမ်ဆေးဟာ လက်ရှိအချိန်ထိ အသင်းနဲ့အတူ စာချုပ်သက်တမ်း ၁၂ ကျန်ရှိနေပြီးတော့ တပတ်လုပ်ခ ပေါင် ၁ သိန်း ၁ သောင်း ရရှိနေသူဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ နည်းပြသစ် အူနိုင်းအမ်မရီကတော့ ရမ်ဆေးကို သူ့အတွက် အဓိကကစားသမား ဖြစ်လာစေဖို့ ဆန္ဒရှိနေသလို လာမယ့် ကာလအတွင်းမှာ ရမ်ဆေးဟာ အာဆင်နယ်အသင်းအတွက် အရေးကြီးဆုံး ကစားသမားဖြစ်လာဖို့ ရှိနေခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အသင်းနည်းပြသစ် အမ်မရီလက်ထပ်မှာ ပုံစံပြောင်းလဲသွားဖွယ် ရှိနေပြီးတော့ လာမယ့်ရာသီမှာ ကစားသမားသစ်တွေနဲ့အတူ တကျော့ပြန်အောင်မြင်ဖို့ မျှော်လင့်နေကြပါတယ်။
3 years Ago
Up