အာရုံဦးသပိတ်

March 17, 2021

ဖြူးမြို့ပေါ်တွင် အာရုံဦးသပိတ်ပြုလုပ် ဆန္ဒပြ

ပဲခူးတိုင်း ဖြူးမြို့ပေါ်မှာ ဒီနေ့ မတ်လ ၁၇ ရက်နေ့ မနက်စောစောပိုင်းက ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ အာရုံဦးသပိတ် ပြုလုပ်ခဲ့ပါတယ်။

ဖြူးမြို့နယ်တွေက မြို့တွေမှာ ဆန္ဒပြတာတွေကို နည်းမျိုးစုံနဲ့ ဆက်လက်လုပ်ဆောင်နေ ကြပြီး ဆိုင်ကယ်တွေနဲ့ မြို့တွင်းသို့လှည့်လည်တာ၊ ဖယောင်းတိုင်တွန်း ညသပိတ်နဲ့ အာရုံဦးသပိတ် ပြုလုပ်နေသလို ကညွတ်ကွင်းမြို့မှာတော့ ထိုင်သပိတ်ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြ ပြည်သူတွေက အာရုံဦးသပိတ်အပြင် နေ့ပိုင်းမှာ  ဆိုင်ကယ်တွေနဲ့ လှည့်လည်တာ၊ ထိုင်သပိတ်ပြုလုပ်တာတွေရှိပြီး ညဘက်မှာလည်း ဖယောင်းတိုင်ထွန်းညှိဆုတောင်းကာ ညသပိတ်တွေ နေ့စဥ်ပြုလုပ် ဆန္ဒပြနေကြပါတယ်။

9 months Ago

ပုသိမ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အာရုံဦးသပိတ်ပြုလုပ် ဆန္ဒပြ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၁၇ ရက်နေ့ မနက်အစောပိုင်းက စစ်တပ်နဲ့ ရဲ မလာနိုင်အောင် အာရုံဦးသပိတ်ပြုလုပ်ပြီး စစ်အာဏာရှင် ကို ဆက်လက်ဆန္ဒပြတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရဲနဲ့စစ်တပ် လာရောက်မဖြိုခွဲနိုင်အောင် နွေဦးတော်လှန်ရေးသပိတ်စစ် ကြောင်းက အမှတ် ၆ ရပ်ကွက်က ကုလားကုန်းစျေးဝန်းကျင်မှာ လှည့်လည်ဆန္ဒပြခဲ့တာဖြစ်ပြီး စျေးလာဝယ်သူတွေလည်း ပါဝင်ဆန္ဒပြခဲ့ တယ်လို့ ပါဝင်ခဲ့သူ ၁ ဦးက DVB ကိုပြောပါတယ်။

ညပိုင်းမှာ ရပ်ကွက်တွေထဲ ဖရောင်းတိုင်မီးထွန်းပြီး ညသပိတ်ပြုလုပ်ဆန္ဒပြသလို နေ့လယ်ပိုင်းမှာလည်း မြို့ပေါ်လူစည်ကားတဲ့ နေရာတွေမှာ ပျောက်ကြားစနစ်နဲ့ စစ်ကြောင်းခွဲကာ ဆန္ဒပြတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်လာခဲ့တာ ၃၉ ရက်မြောက်နေ့ရှိပြီလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၃၉ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၆ ကြိမ်ရှိပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - CJ

9 months Ago
Up