အာရပ်ပြည်ထောင်စု

August 27, 2020

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အာရပ်ပြည်ထောင်စုကို အလည်အပတ်သွားရောက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက အာရပ်စော်ဘွားများပြည်ထောင်စု UAE ဆီ အလည်အပတ်ခရီးစဉ်အတွင်း UAE နိုင်ငံခြားရေးဝန်ကြီးနဲ့ရော အမျိုးသားလုံခြုံရေး အကြံပေး နဲ့ပါ သြဂုတ် ၂၆ ရက်က တွေ့ဆုံပါတယ်။  လစ်ဗျားပဋိပက္ခနဲ့ အီရန်ရဲ့ဒေသတွင်း လွှမ်းမိုးမှု တန်ပြန်ရေးကိစ္စရပ်တွေကို ဆွေးနွေးကြ ပါတယ်။  အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် UAE ဟာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး အပြည့်အဝ တည်ဆောက်တဲ့ တတိယမြောက် အာရပ်နိုင်ငံဖြစ်လာအပြီး ပွန်ပေအိုက လာရောက် လည်ပတ်ခဲ့တာပါ။  ယူအေအီးကို မရောက်ခင် အစ္စရေး၊ဆူဒန်နဲ့ဘာရိန်းနိုင်ငံတွေဆီကိုလည်း သွားရောက် လည်ပတ်ခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးအတွက် နားလည်မှု စာချွန်လွှာနဲ့ သဘောတူညီချက်တွေ အရေး တည်ဆောက်ဖို့ ကြိုးစားခဲ့တယ်လို့ ပွန်ပေအိုက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။  လစ်ဗျားအပစ်အခတ် ရပ်စဲရေး တာရှည်ခံဖို့နဲ့ တင်းမာမှု လျှော့ချရေး အားပေးဖို့၊ ပင်လယ်ကွေ့ဒေသ ညီညွတ်ရေးနဲ့ အီရန်ရဲ့သြဇာကို တန်ပြန်ရေး  ပွန်ပေအိုနဲ့ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။  အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသတွင်းအဓိက ခြိမ်းခြောက်မှုလို့ အမေရိကန် ယူအေအီးနဲ့ အစ္စရေးတို့က ရှုမြင်ထားတာပါ။  အစ္စရေးနဲ့ ယူအေအီးကြား ဆွေးနွေးပွဲတွေ ဆက်လုပ်နေပြီး နောက်ကြောင်းပြန်မှု မရှိဘူး လို့လည်း ပွန်ပေအိုက ပြောခဲ့ပါတယ်။ 
1 year Ago
Up