အာမေးနီးယား

December 16, 2020

အဇာဘိုင်ဂျန်နှင့် အာမေးနီးယား စစ်အကျဉ်းသားများ လဲလှယ်

ရုရှား ကြားဝင်ဆောင်ရွက်တဲ့ အကျဉ်းသားလဲလှယ်မှု အစီအစဉ်အရ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ စစ်အကျဉ်းသားတွေကို အဖွဲ့လိုက် စတင်လဲလှယ်နေတယ်လို့ ရုရှား ကာကွယ်ရေးဌာနက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။ ပဋိပက္ခဖြစ်ခဲ့တဲ့ နာဂေါ်နိုခါရာဘတ်ခ်ဒေသမှာ ရုရှား ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့တွေကို ဖြန့်ကြက်ထားပါတယ်။ ရုရှား ကြားဝင်ညှိနှိုင်းခဲ့ပြီးနောက် အာမေးနီးယားအကျဉ်းသား ၄၄ ယောက် အဖွဲ့ဟာ မိခင်နိုင်ငံကို ပြန်ရောက်လာပြီလို့ အာမေးနီးယား ဒုဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။ အကျဉ်းသားလဲလှယ်မှု အစီအစဉ်အရ ရုရှားစစ်လေယာဉ်ဟာ အဇာဘိုင်ဂျန် အကျဉ်းသား ၁၂ အဖွဲ့ကိုလည်း မြို့တော် ဘာကူဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ရုရှား ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ တပ်မှူးက ဒီဇင်ဘာ ၁၅ ရက်မှာ ရိုက်တာကို ပြောပါတယ်။
12 months Ago

November 14, 2020

အာမေးနီးယားနိုင်ငံ မြို့တော် ယေရီဗန်တွင် လူထောင်ချီ စုဝေးဆန္ဒပြ

အဇာဘိုင်ဂျန်ကို နယ်မြေအသာစီးရစေတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆန့်ကျင်တဲ့အနေနဲ့ နိုဝင်ဘာ ၁၃ ရက်က အာမေးနီးယားနိုင်ငံ မြို့တော် ယေရီဗန်မှာ လူထောင်ချီ စုဝေးဆန္ဒပြခဲ့ပါတယ်။  ဆန္ဒပြသူတွေက ဝန်ကြီးချုပ် နီကိုပတ်ရှီယန်နဲ့  My Step Alliance နိုင်ငံရေးအဖွဲ့ဝင်ပုံတွေကို ယူလာပြီး ဖျက်ဆီးကြပါတယ်။ နိုဝင်ဘာ ၁၀ ရက်က လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အဇာဘိုင်ဂျန်မှာတော့ အောင်ပွဲခံနေပါတယ်။  နာဂေါ်နို-ခါရာဘတ်ခ် ဒေသဟာ နိုင်ငံတကာအသိမှတ်ပြု အဇာဘိုင်ဂျန် နယ်မြေ တစိတ်တပိုင်းဖြစ်ပါတယ်။ အဲဒီဒေသဟာ လူဦးရေ ထူထပ်ပြီး မကြာသေးခင်အထိ အာမေးနိးယားမျိုးနွယ်စုတွေ အပြည့်အ၀ ထိန်းချုပ်ခဲ့ပါတယ်။  မကြာသေးခင် သီတင်းပတ်တွေမှာ အဇာဘိုင်ဂျန် တပ်ဖွဲ့တွေက အာမေးနီးယားမျိုးနွယ်စုတွေကို မောင်းထုတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတာယ်။
1 year Ago
More News
Up