အာမေးနီးယန်းတိုင်းရင်းသား

November 15, 2020

အဇာဘိုင်ဂျန်ကို နယ်မြေမလွှဲပြောင်းပေးရခင် အိမ်များကို အာမေးနီးယန်းတိုင်းရင်းသားများ မီးရှို့

နာဂေါ်နို-ခါရာဘတ်ဒေသမှာ သီတင်းပတ် ၆ ပတ်ကြာ တိုက်ပွဲအပြီး ရုရှားက ကြားဝင် ဖျန်ဖြေတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အောက်မှာ သူတို့ပိုင်နက်ကို အဇာဘိုင်ဂျန်တွေ လက်ထဲ လွှဲပေးရခါနီးလို့ အာမေးနီးယား တိုင်းရင်းသားတွေက မြေလှန်မီးရှို့လိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က အဇာဘိုင်ဂျန်တပ်တွေနဲ့ တိုက်တုန်းက သူ ဝတ်ခဲ့တဲ့ ကိုယ်ယောင်ဖျောက်ထားတဲ့ ဝတ်စုံကို ဝတ်လျက်တန်းလန်းနဲ့ အာမေးနီးယား တိုင်းရင်းသားဟာ ချာရက်တာရွာက သူ့ညီမရဲ့ ထမင်းစားခန်း စားပွဲအောက်ကနေ မီးတင်ရှို့လိုက်တာပါ။ “မနက်ဖြန်မနက်ဆိုရင် အဇာဘိုင်ဂျန်တွေ ရောက်လာတော့မယ်။ သူတို့ နေနိုင်ရင် ဒီမှာ နေပါစေ”လို့ သူက ပြောပါတယ်။ အနားက သူ့အိမ်ကိုလည်း မီးရှို့ထားပါတယ်။  တောင်ပတ်လည် ဝိုင်းနေတဲ့ ချာရက်ခ်တာရွာလေးဟာ အဇာဘိုင်ဂျန်နိုင်ငံ ခယ်လ်ဘာဂျာခရိုင်မှာ ရှိပြီး နာဂေါ်နို-ခါရာဘတ်ဒေသနဲ့ နီးပါတယ်။ ဒီနေရာကို နိုင်ငံတကာက အဇာဘိုင်ဂျန် ပိုင်နက်လို့ သတ်မှတ်ထားပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေက စစ်ပွဲနောက်ပိုင်းမှာ အာမေးနီးယား တိုင်းရင်းသားတွေက ထိန်းချုပ်ထားပါတယ်။
1 year Ago
Up