အာမခံရ

January 7, 2021

ဝါးခယ်မတွင် တရားစွဲခံ လယ်သမား ၃၂ ဦး အနက် ၁၃ ဦး အာမခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်မှာ လယ်သမား ၃၂ ယောက်ကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပုဒ်မ ၁၈၈ နဲ့ တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၆ ရက်နေ့က ပထမဆုံးအကြိမ် စတင်စစ်ဆေးပါတယ်။ တရားခွင်မှာ တရားသူကြီးက လယ်သမားတွေကို အပြစ်ရှိ မရှိ မေးမြန်းခဲ့သလို အာမခံလျှောက်ထားခွင့်လည်းခွင့်ပြုပေးခဲ့ပေမယ့် လယ်သမား ၁၃ ဦးသာ အာမခံရရှိခဲ့တယ်လို့ လယ်သမားတွေကို ကူညီပေးနေတဲ့ ကိုမြတ်ခိုင်က ပြောပါတယ်။ "ဒီနေ့ရုံးချိန်းမှာ လယ်သမား ၁၃ ဦးပဲ အာမခံရပါတယ်။ တစ်နေ့ကုန်လုပ်ပြီးမှရတာပါ တချို့လယ်သမားတွေဆို ထမင်းမစားရတာမျိုးတွေ ရှိပါတယ်။ ကျန်တဲ့လယ်သမားတွေကတော့ မနက်ဖြန်မှ ဆက်လျှောက်ရမှာဖြစ်ပါတယ်"လို့ ပြောပါတယ်။ အာမခံလျှောက်ထားတဲ့အချိန်မှာ အိမ်ထောင်စုစာရင်းမှာပါတဲ့ အိမ်ထောင်ဦးစီး ကိုယ်တိုင် လာမှ အာမခံပေးမယ်ဆိုတာကြောင့် လျှောက်ထားရာမှ အခက်အခဲဖြစ်နေလို့ အာမခံမရသေးတဲ့လူ တွေကို တရားရုံးက ခံဝန်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ကျုံပဒုတ်ချောင်းဝကျေးရွာက အမှတ် ၄ စီမံကိန်းတူးမြောင်းကို ပိတ်ဆို့ပြီး ငါးဖမ်းနေတဲ့ အင်းလုပ်ငန်းဘက်က အတားအဆီးတွေကို လယ်သမားတွေက ရေရရှိရေးအတွက်  ဒီဇင်ဘာ ၁၀ ရက်နေ့က ဖယ်ရှားခဲ့တာကြောင့် ထွေအုပ်က လယ်သမားတွေကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ လယ်သမားတွေကတော့ အခုလိုပြစ်မှုမျိုး ကျူးလွန်ခဲ့တာမျိုး မရှိဘဲ ရေရရှိရေးအတွက်သာ ဆည်မြောင်းဌာနရဲ့အမိန့်ထုတ်ပြန်ချက်အတိုင်း အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ တရားစွဲခံရတဲ့ ကျုံပဒုတ်ဝကျေးရွာနေ ဦးသန်းထွန်းလေးက "ဌာနဆိုင်ရာက မြောင်းကိုရှင်းလင်းဖို့အတွက် ချမှတ်တဲ့အတိုင်း ကျနော်တို့ လယ်သမား တွေက တောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ တစ်နှစ်ထက် တစ်နှစ် ရေရရှိဖို့အခက်အခဲတွေရှိလာလို့ ဌာနဆိုင်ရာ ကိုအကူညီတောင်းခံပြီ အမိန့်အတိုင်းလုပ်ခဲ့တာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။ လယ်သမားတွေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ တရားစွဲဆိုခံရတာနဲ့ပတ်သက်ပြီး ဥပဒေ အညီ အမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝါးခယ်မမြို့နယ်တရားသူ ဒေါ်အေးမြတ်မွန်က ပြောပါတယ်။ "အမှုကို ဥပဒေနဲ့အညီ အမြန်ဆုံး ဆောင်ရွက်ပါမယ်၊ တရားလိုနဲ့ သက်သေတွေကို စစ်ဆေး မယ်။ တရားခံတွေက လူဦးရေများပြားတဲ့အတွက် သူတို့ရဲ့ ဆုံခြင်း မဆုံခြင်းအပေါ်မှာလည်း မူတယ်ပါတယ်"လို့ ပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ပုဒ်မ ၁၈၈ နဲ့ လယ်သမား ၃၂ ယောက်ကို တရားစွဲဆိုမှု၊ အင်းဘက်က လယ်သမား ၆ ယောက်ကို တရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီး လယ်သမားတွေက ဝါးခယ်မမြို့ရဲစခန်း၊ ငါးလုပ်ငန်း၊ အထွေထွေအုပ်ချုပ်ရေးနဲ့ ဆည်မြောင်းရုံးရှေ့တွေမှာ ဒီဇင်ဘာ ၂၃ ရက်က  လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ သတင်း - မင်းထက်မုန်း(ပုသိမ်)
3 months Ago

May 7, 2020

သရုပ်ဆောင် မင်းရာဇာအမှု ပထမဆုံးအကြိမ် ရုံးထုတ်၊  ယောက္ခမဖြစ်သူ ရဲဝန်ထမ်းဟောင်း  အာမခံရ

အိမ်အကူအမျိုးသမီးငယ်အား အက်ဆစ်နဲ့ပက်နှိပ်စက်ခဲ့တဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးအား မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ပါတယ်။ ဒီနေ့ရုံးထုတ်မှာ မင်းရာဇာရဲ့ ယောက္ခမဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးကို တရားရုံး  ကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးက  အာမခံပေးခဲ့ပြီး ဒုတိယမြောက် ရုံးချိန်းကို မေလ ၂၁ ရက်နေ့ ပြန်လည် ချိန်းဆိုထားပါတယ်။ သရုပ်ဆောင်မင်းရာဇာ၊ ဇနီး မဖူးငုံပွင့်နဲ့ ဦးမောင်မောင်အေးတို့ကို ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ နဲ့  ရွှေပေါက်ကံရဲစခန်းက အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးပမ်းခဲ့တဲ့  မင်းရာဇာနဲ့ ဇနီးဖြစ်သူတို့ကို  မန်နေဂျာ ရခိုင်လေး ဆိုသူနဲ့အတူ  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ကဧပြီ ၉ ရက်ညပိုင်းမှာ ဖမ်းမိခဲ့ပြီး မြဝတီရဲစခန်းကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ Photo - Ye Myo Khant / MPA  
11 months Ago
Up