အာမခံ

March 24, 2021

သံတွဲက အဖမ်းခံရသူ ၃ ဦး ထောင်ချုပ် ၁ လကျော်ကြာပြီးမှ အာမခံဖြင့် ပြန်လွှတ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီကို မလိုလားကြောင်း ဆန့်ကျင်ဆန္ဒပြလို့ အဖမ်းခံရသူ ၃ ယောက်ဟာ ထောင်ချုပ်မှာ ၁ လကျော်ကြာနေပြီးတဲ့နောက် အာမခံနဲ့ မတ် ၂၃ ရက်မှာ ပြန်လွတ်လာပါတယ်။

သဘာဝဘေးစီမံဥပဒေနဲ့ တရားစွဲခဲ့တာမှာ တရားလိုပြသက်သေတွေကို စစ်ဆေးပြီး တဲ့နောက် အဖမ်းခံရသူတွေဟာ စွဲထားတဲ့ ပုဒ်မနဲ့ မညီညွတ်တဲ့အတွက် ပုဒ်မပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီပြောင်းလဲသွားတဲ့ ပုဒ်မ ၃၀ (က) ဟာ အာမခံလျှောက်ထားလို့ရတဲ့အတွက် အမှုမှာလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေက ဒီနေ့မှာ အာမခံလျှောက်ထားခဲ့ပြီး အခုလို လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာ ကိုအောင်ခိုင်မြင့်၊ ကိုရန်ပိုင်ထွေးနဲ့ မမြဝင်းတို့ ၃ ယောက်လွတ်မြောက်ခဲ့တာပါ။

ကျန်ရှိနေသေးတဲ့ ဦးခင်မောင်ကိုတော့ မနက်ဖြန် ရုံးချိန်းမှာ အမှုစစ်ပြီး အာမခံလျှောက်ထားတဲ့အခါ လွတ်မြောက်လာနိုင်တယ်လို့ ဆိုကြပါတယ်။

အဖမ်းခံခဲ့ရတဲ့ ၄ ယောက်ဟာ ဖေဖော်ဝါရီ ၁၆ ရက်က ငြိမ်းချမ်းစွာ ဆန္ဒပြတုန်း အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

8 months Ago

January 7, 2021

ဝီကီလိခ်ထူထောင်သူ၏အာမခံ ဗြိတိန်တရားရုံးက ပယ်ချ

ဝီကီလိခ်တည်ထောင်သူ  ဂျူလီယန်အက်ဆန်ရဲ့ အာမခံလျှောက်လဲချက်ကို ဗြိတိန် တရားရုံး က ဇန်နဝါရီ ၆ ရက်မှာ ပယ်ချလိုက်ပါတယ်။  အမေရိကန်အစိုးရက အက်ဆန်ကို လွှဲပြောင်းရယူဖို့ ကြိုးပမ်းရာမှာ  သူဟာ ထွက်ပြေးနိုင်တဲ့ အန္တရာယ်လို့ တရားသူကြီးက ဆိုပါတယ်။  ဇန်နဝါရီ ၄ ရက်က အက်ဆန်ဟာ သူ့ကို အမေရိကန်ဆီ လွှဲပြောင်း မပေးဖို့ ကြိုးပမ်းရာမှာ အနိုင်ရခဲ့ပါတယ်။  အဲဒီနောက် သူဟာ အာမခံ ရဖို့ လျှောက်လဲခဲ့တာပါ။  အမေရိကန် တရားရေးဌာနကတော့ အက်ဆန်ကို အမေရိကန်ဆီ လွှဲပေးဖို့ ဆက်ကြိုးပမ်း နေပြီး ဗြိတိန်တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမယ်လို့ ပြောပါတယ်။ ထောက်ခံသူတွေက သူ့ကို အမေရိကန်အစိုးရရဲ့ အာဏာအလွဲသုံးမှုတွေကို ဖော်ထုတ်တဲ့ သူရဲကောင်းအဖြစ် ဂုဏ်ပြုကြပါတယ်။  ရှုတ်ချသူတွေကတော့ သူ့ကို အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ အန္တရာယ် ပေးသူအဖြစ် သတ်မှတ်သလို သူဟာ ဂျာနယ်လစ် တစ်ယောက်ဆိုတာကိုလည်း စောဒက တက်ကြတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
11 months Ago
More News
Up