အာမက်ဒီယယ်လို

January 14, 2021

လူငယ်ကစားသမားသစ် အာမက်ဒီယယ်လိုကို မန်ယူအသင်း တရားဝင်မိတ်ဆက်

မန်ယူအသင်းဟာ အတ္တလန်တာအသင်းကနေ ခေါ်ယူခဲ့တဲ့ အာမက်ဒီယယ်လိုကို တရားဝင် မိတ်ဆက်ခဲ့ပြီး ကျောနံပါတ် ၁၉ ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့နွေရာသီကတည်းက ပေါင် ၃၇ သန်းနဲ့ ခေါ်ယူခဲ့တဲ့  ဒီယယ်လိုဟာ Work Permit ကိစ္စကြောင့် အခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ရောက်မှ အသင်းနဲ့ပူးပေါင်းနိုင်ခဲ့တာပါ။ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခွင့်ရတာက အိပ်မက်တွေ အမှန် တကယ်ဖြစ်လာခဲ့တာ ဖြစ်ပြီး ရည်မှန်းချက်ကြီးကြီးထားပြီး ခြေစွမ်းပြသနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဒီယယ်လိုက ပြောပါတယ်။  နာမည်ကြီးကစားသမားတွေ အများကြီးရှိတဲ့ အသင်းလူစာရင်းနဲ့အတူ ပူးပေါင်းလေ့ကျင့် ခွင့်ရမှာက စိတ်လှုပ်ရှားစရာဖြစ်ပြီး နေ့တိုင်းသင်ယူလေ့ကျင့်ရင်း ခြေစွမ်းပိုမိုတိုး တက်လာ အောင်လုပ်ဆောင်မယ်ဆိုတာ ကတိပေးကြောင်း ဒီယယ်လိုက ပြောပါတယ်။  နည်းပြဆိုးလ်ရှားကတော့ ဒီယယ်လိုက အလားအလာရှိတဲ့ လူငယ်တစ်ဦးဖြစ်ပြီး လူငယ် အသင်းမှာ ကစားစေမလား အသင်းကြီးအတွက် အဆင်သင့်အသုံးပြုနိုင်မယ့် ကစားသမား ဖြစ်လာမလားဆိုတာ မသိရှိသေးကြောင်း ပြောပါတယ်။  အိုင်ဗရီကို့စ်လူငယ်ကစားသမား ဒီယယ်လိုအတွက် မန်ယူအသင်းက ပေါင် ၁၉ သန်း ကနဦး ပေးချေခဲ့ရပြီး စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၁၈ သန်းပေးချေ  ရနိုင်တာ ဖြစ်ပါတယ်။
9 months Ago
Up