အာမက်မူဆာ

August 3, 2018

လက်စတာတိုက်စစ်မှူး မူဆာ ဆော်ဒီကလပ်သို့ ပြောင်းရွှေ့

လက်စတာစီးတီးအသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အာမက်မူဆာဟာ ဆော်ဒီအာရေဗျ ကလပ်ကို ပြောင်းရွှေ့သွားပါတယ်။ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက ခေါ်ယူတဲ့ ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြခြင်း မရှိပါဘူး။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး မူဆာကို လက်စတာအသင်းက ရုရှားကလပ် စီအက်စ်ကေအေ မော်စကို အသင်းကနေ ပေါင် ၁၆ သန်းပေးပြီး ၂ဝ၁၆ မှာ ခေါ်ယူထားတာပါ။ ဒါပေမယ့် လက်စတာအတွက် ကစားပေးတဲ့ ၂၁ ပွဲမှာ ၂ ဂိုးပဲ သွင်းယူနိုင်လို့ ပြီးခဲ့တဲ့ရာသီမှာ ရုရှားကလပ်ကို အငှားနဲ့ ပြန်ချထားခဲ့ပါတယ်။ တိုက်စစ်မှူး မူဆာဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ နိုင်ဂျီးရီးယားအသင်းအတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
3 years Ago
Up