အာဖရိက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး

October 30, 2015

အာဖရိက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဒေါ်လာသန်း ၆၀၀ ကူညီမည်ဟု အိန္ဒိယ ပြော

အိန္ဒိယ၀န်ကြီးချုပ် နာရင်းဒရာမိုဒီ (Narendra Modi) က အာဖရိက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကူညီမယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့က အိန္ဒိယ-အာဖရိက ထိပ်သီးဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။ လတ်တလော မြို့တော် ဒေလီမှာ ကျင်းပနေတဲ့ အခုနှစ်ရဲ့ အိန္ဒိယ-အာဖရိက ထိပ်သီးဆွေးနွေးပွဲကို အာဖရိကနိုင်ငံခေါင်းဆောင် ၅၀ ကျော် တက်ရောက်လာကြပြီး မကြုံစဘူး အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယ-အာဖရိက ကုန်သွယ်မှုဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ၂ ဆ တိုးတက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၂ ဘီလီယံ ရှိလာပေမယ့် တခြားဒေသတွေနဲ့ ကုန်သွယ်မှုနဲ့စာရင် နည်းပါးနေပါသေးတယ်။ ဒါကြောင့် ဒီထိပ်သီးဆွေးနွေးပွဲမှာ ဒီဒေသကြီး ၂ ခု ကုန်သွယ်ရေးကို တိုးမြှင့်ဖို့ ရည်ရွယ်ကျင်းပတာလည်း ဖြစ်ပါတယ်။ အခုနှစ် ဆွေးနွေးပွဲကို တောင်အာဖရိကခေါင်းဆောင် ဂျက်ကော့ဇူးမား၊ ဇင်ဘာဘွေခေါင်းဆောင် ရောဘတ်မူဂါဘီ၊ အီဂျစ်သမ္မတ စီစီ၊ ဆူဒန်ခေါင်းဆောင် အိုမာအယ်ဘရှာတို့လည်း တက်ရောက်လာကြပြီး အာဖရိကနိုင်ငံတွေမှာ အိန္ဒိယ ရင်နှီးမြှုပ်နှံမှုကို တိုးမြင့်လာမယ်လို့ မျှော်လင့်နေကြပါတယ်။
6 years Ago
Up