အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ အုပ်စု ဘီ ဒုတိယပွဲစဉ်တွေကို ဇန်နဝါရီ ၁၉ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ဆီနီဂေါအသင်းက ဇင်ဘာဘွေအသင်းကို အနိုင်ရရှိခဲ့တဲ့အတွက် နှစ်ပွဲဆက်အနိုင်ရလဒ်နဲ့ ကွာတားဖိုင်နယ်အဆင့်သို့ အစောဆုံး တက်ရောက်နိုင်ခဲ့ပါတယ်။
ဆီနီဂေါအသင်းဟာ ပွဲချိန် ၁၅ မိနစ်မပြည့်မီမှာပဲ အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူနိုင်ခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဖွင့်ဂိုးကို အုပ်စုပထမပွဲစဉ်မှာ ဦးဆောင်ဂိုးသွင်းခဲ့တဲ့ လီဗာပူးကစားသမား မာနေကပဲ ပွဲအစ ၉ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကိုတော့ ၁၃ မိနစ်မှာ စိုင်ဗက်က သွင်းယူပေးခဲ့တာပါ။
အုပ်စု ဘီ တခြားပွဲစဉ်မှာတော့ တူနီးရှားက အယ်လ်ဂျီးရီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီအုပ်စုက နှစ်ပွဲဆီ ယှဉ်ပြိုင်အပြီးမှာတော့ ဆီနီဂေါက ရမှတ် ၆ မှတ်နဲ့ အုပ်စု ပထမ၊ တူနီးရှားက ၃ မှတ်နဲ့ အုပ်စု ဒုတိယ၊ ဇင်ဘာဘွေနဲ့ အယ်လ်ဂျီးရီးယားတို့က တမှတ်စီနဲ့ တတိယ၊ စတုတ္ထနေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။
6 years Ago