အာဖရိကနိုင်ငံများ

February 4, 2017

အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ အီဂျစ်နှင့်ကင်မရွန်းတို့ ဗိုလ်လုပွဲ တက်

အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၂ ရက်နဲ့ ၃ ရက်တွေမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အီဂျစ်နဲ့ကင်မရွန်းတို့ ဗိုလ်လုပွဲတက်ခဲ့ပါတယ်။ အီဂျစ်အသင်းဟာ ဘာကီနာဖာဆိုနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ပွဲချိန်အတွင်းမှာ ၁ ဂိုးစီသရေကျခဲ့လို အချိန်ပိုအထိ ကစားခဲ့ရပါတယ်။ အချိန်ပို မိနစ် ၃၀ မှာလည်း ၁ ဂိုးစီသရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ကန် သွင်းခဲ့ရာမှာ အီဂျစ်အသင်းက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ် ဖြစ်တဲ့ ကင်မရွန်းနဲ့ ဂါနာတို့ရဲ့ပွဲစဉ်မှာ ကင်မရွန်းအသင်းက ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ခဲ့တာဖြစ်ပါတယ်။ ကင်မရွန်းနဲ့ အီဂျစ်အသင်းတို့ တွေ့ဆုံနေတဲ့ အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲကို လာမယ့် ဖေဖော်ဝါရီ၅ရက် မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဘာကီနာဖာဆိုနဲ့ဂါနာ တို့ကစားမယ့် တတိယလုပွဲကိုတော့ ဖေဖော်ဝါရီ ၄ ရက်နေ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ အီဂျစ်အသင်း နဲ့ ကင်မရွန်းအသင်းတို့ဟာ အာဖရိက ဖလားပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံးအသင်း တွေဖြစ်ပြီး အီဂျစ်က ၇ ကြိမ်၊ ကင်မရွန်းက ၄ ကြိမ် ချန်ပီယံဆုဖလား ရရှိထားပါတယ်။
4 years Ago
Up