အာဖရိကတောနက်ထဲမှ သစ်ကုလားအုပ် ၂ ကောင် တိုက်ပွဲ (ရုပ်သံ)

January 28, 2017

အာဖရိကတောနက်ထဲမှ သစ်ကုလားအုပ် ၂ ကောင် တိုက်ပွဲ (ရုပ်သံ)

လည်ပင်းရှည်ရှည်နဲ့ သစ်ကုလားအုပ်တွေဟာ တကောင်နဲ့တကောင် ဘယ်လိုတိုက်ခိုက်ကြသလဲဆိုတာ သိသူ တော်တော်ရှားပါလိမ့်မယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သစ်ကုလားအုပ်အထီး ၂ ကောင်ရဲ့ သဲသဲမဲမဲ တိုက်ခိုက်ခဲ့ကြပုံတွေကို တွေ့ရမှာပါ။ ဒါဟာ တောင်အာဖရိကနိုင်ငံ တောတွင်းတနေရာမှာဖြစ်ခဲ့ပြီး သူတို့ ၂ ကောင်ဟာ သစ်ကုလားအုပ်အမတကောင်ကြောင့် ခုလိုတိုက်ခိုက်ခဲ့ကြတာလို့ သည်ဆန်းသတင်းက ဖော်ပြပါတယ်။ သဘာဝအရ ခြေတံရှည်ရှည်၊ လည်ပင်းရှည်ရှည်နဲ့မို့ သူတို့ဟာ ဘယ်ကနေ စတိုက်ခိုက်ကြသလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ သူတို့ ၂ ကောင်ဟာ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ကြချိန်မှာ တကောင်ကိုတကောင် အပြန်အလှန် စောင်ကာ ကြည့်နေခဲ့ကြပြီး မကြာခင်မှာတော့ တိုက်ခိုက်မှု စတင်ခဲ့ပါတယ်။ သူတို့ဟာ တကောင်အနီးကို တကောင်က ဘေးတိုက်တစောင်း အနေအထားနဲ့ ချဉ်းကပ်လာခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ သူတို့ဟာ လည်ပင်းကို ရမ်းခါပြီး တကောင်ရဲ့ခန္ဓာကိုယ်ကို တကောင် ဘတပြန်ကျားတပြန် ရိုက်ပြီး တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။
4 years Ago
Up