အာဖရိကဝက်တုပ်ကွေး

September 19, 2018

ဘယ်လ်ဂျီယံတွင် အာဖရိကဝက်တုပ်ကွေးဖြစ်ပြီး သေဆုံးသည့် တောဝက် ၂ ကောင်တွေ့

ဘယ်လ်ဂျီယံနိုင်ငံမှာ အာဖရိက ဝက်တုပ်ကွေးဖြစ်ပြီး သေဆုံးသွားတဲ့ တောဝက်နှစ်ကောင်ကို ပြီးခဲ့တဲ့တပတ် ကြာသပတေးနေ့မှာ တွေ့ရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းအရေးကို ဝက်မွေးမြူရေးသမားတွေ စိုးရိမ်နေပါတယ်။ လက်ရှိ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ဝက်သားဈေးကွက်မှာ ဈေးနှုန်းထိုးကျသွားမှာကို ဝက်မွေးသူတွေ စိုးရိမ်နေတယ်လို့ ဘယ်လ်ဂျီယံ ဝက်မွေးမြူရေးသမဂ္ဂ ကိုယ်စားလှယ် ဂွမ်နဲမာတင်က ပြောပါတယ်။ ဒါ့ပြင် အာဖရိကဝက်တုပ်ကွေး ပြန့်လာမယ်ဆိုရင် နိုင်ငံတချို့ဟာ ဥရောသမဂ္ဂ (အီးယူ) အဖွဲ့ဝင် နိုင်ငံတွေက တင်ပို့လာတဲ့ ဝက်သားတွေကို ပိတ်ပစ်တာမျိုး ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်လို့ သူက ပြောပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက လစ်သူရေးနီးယားနိုင်ငံမှာ အခုလို ဝက်တုပ်ကွေးဖြစ်တုန်းက ရုရှားဟာ ဥရောပနိုင်ငံတော်တော်များများက ဝက်သားပို့ကုန်တွေကို ပိတ်ပစ်ခဲ့ဖူးပါတယ်။ ဝက်တုပ်ကွေးဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ဥရောပတိုက် အရှေ့ပိုင်းမှာ ဝက်ကောင်ရေ သိန်းချီကို သုတ်သင်ရှင်းလင်းထားပြီး ဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံမှာလည်း ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ပြည်နယ်တချို့မှာ ဝက်အရှင် သယ်ယူပို့ဆောင်တာကို တားမြစ်ထားပါတယ်။
3 years Ago
Up