အာဖရိကန် အမေရိကန်မျာ

October 5, 2019

အာဖရိကန် အမေရိကန်များက အမေရိကန်နိုင်ငံကို တည်ဆောက်ခဲ့ဟု ထရမ့် ပြော

အာဖရိကန် အမေရိကန်တွေဟာ အမေရိကန်နိုင်ငံကို တည်ဆောက်ခဲ့တယ်လို့ အာဖရိကန် လူငယ်ခေါင်းဆောင်မှု ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။   အောက်တိုဘာ ၄ ရက်က  ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့   လူငယ်ခေါင်းဆောင်မှု ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတထရမ့်က အာဖရိကန် အမေရိကန်တွေအကြား  အလုပ်အကိုင် တည်မြဲတာကို အမွှမ်းတင် ပြောဆိုခဲ့ပါတယ်။  အာဖရိကန် -အမေရိကန် အလုပ်လက်မဲ့နှုန်းဟာ  သမိုင်းတလျှောက် အနိမ့်ဆုံး ဖြစ်တယ်လို့ သမ္မတထရမ့်က ပြောခဲ့ပါတယ်။  ဒီမိုကရက်တွေဟာ ကိုယ့်နိုင်ငံသား အာဖရိကန် အမေရိကန်တွေထက် တရားမဝင် ဝင်လာတဲ့ ရွှေ့ပြောင်းလာသူတွေကို ပိုအရေးပေးနေတယ်လို့လည်း ထရမ့်က  ဝေဖန်ခဲ့ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲမှာ  ကန်းဒက်စ်အိုဝင်တို့လို သမ္မတ ထရမ့်ထောက်ခံသူတွေကလည်း  ယူကရိန်းကိစ္စ စုံစမ်းရေးကို လှောင်ပြောင်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2 years Ago
Up